
PDF တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ကွန်ဒုံးထုတ်လုပ်ရောင်းချနေတယ်ဆိုတဲ့ ဓာတ်ပုံပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ အမျိုးသားတစ်ဦးက အနီရောင်ကွန်ဒုံး အထုပ်တစ်ထုပ်ကိုင်ထားပြီး ကွန်ဒုံးထုပ်ဖော်မှာ NUG Condom လို့ရေးသားထားတာတွေ့ရပါတယ်။
ပြုပြင်ပြောင်းလဲထားတဲ့ဓာတ်ပုံသာဖြစ်ပါတယ်။
“တော်လှန်ရေးအတွက် တောထဲရောက်
တောတွင်းစိတ်ပေါက်ကာ
ပဒက်မတွေ နေဆိုမောင်းဆွဲ
ညဆိုပေါင်ဖြဲကြသောကြောင့်
မွေးဖွားနှုန်းတွေများလာသဖြင့်
NUG မှ ကာကွယ်ဖို့အတွက်ရော
တလရ အတွက်ပါ အဖော်များ
ထုတ်လုပ်ရောင်းချလျက်ရှိ
#banyunt”လို့ ရေးသားပြီး “ကိုအေး ချမ်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
စစ်အာဏာရှင် တော်လှန်ရေးလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် အမျိုးသမီးတွေကို တိုက်ခိုက်ဖို့အတွက် သတင်းတုဖြန့်ချိန်နေခြင်းဖြစ်ပါတယ်။ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကို ယူသုံးထားတာတွေ့ရပါတယ်။ အမေရိကန် သတင်းဌာန တစ်ခုဖြစ်တဲ့ Newsweek မဂ္ဂဇင်းက ၂၀၁၈ ခုနှစ် ဩဂုတ် ၂၃ ရက်ကဖော်ပြခဲ့တဲ့ “Donovanosis ဆိုတာ ဘာလဲ- လိင်အင်္ဂါများကို ပုပ်ကျသည်အထိပျက်ဆီးစေသော ဖြစ်စေနိုင်သော ရှားပါးသောလိင်မှတစ်ဆင့် ကူးစက်သော ရောဂါ တွေ့ရှိ”ဆိုတဲ့ အင်္ဂလိပ်သာသာနဲ့ ဆောင်းပါးတစ်ပုဒ်မှာ အသုံးပြုထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Newsweek| Archive link
ဖေ့စ်ဘွတ်ပို့စ်ပါ NUG စာတန်းကွန်ဒုံးဓာတ်ပုံနဲ့ ၂၀၁၈ ခုနှစ်က Newsweek မှာပါတဲ့ဓာတ်ပုံကို အောက်ပါအတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
PDF တပ်ဖွဲ့ဝင်အမျိုးသမီးတွေကို တိုက်ခိုက်ဖို့အတွက်သတင်းတုဖြန့်ချိန်နေခြင်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က Newsweek မှာပါတဲ့ဓာတ်ပုံကို NUG Condom ဆိုပြီးတော့ ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ပါတယ်။

Title:Fact Check: NUG အမှတ်တံဆိပ်ကွန်ဒုံးဆိုတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ
Fact Check By: Nayar MaungResult: Altered