Fact Check: KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ကြောင်း ဗိုလ်ချုပ်ဂွမ်မော်အတည်ပြု တဲ့ သတင်းတု 

ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော်(KIA)ကို အမေရိကန်က စစ်ရေးထောက်ပံ့မှုတွေ ပေးအပ်နေတာကို ဗိုလ်ချုပ်ဂွမ်မော်ကအတည်ပြုလိုက်တယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “KIA ကို အမေရိကန် စစ်ရေးထောက်ပံ့ပြီ အမေရိကန်လေယာဉ်တွေ ရောက်ရှိလာမှု ဗိုလ်ချုပ် ဂွမ်မော် အတည်ပြု ၊ နေပြည်တော်လှုပ်ခတ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်နာမည်ကိုလည်း ဆင်တုယိုးမှား တုပထားပြီး မကြာခဏဆိုသလို  Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။  တကယ်တမ်း ဗွီဒီယိုအစမှာ ပါဝင်တဲ့အကြောင်းအရာဟာ […]

Continue Reading

Fact Check: NLD ကိုအစိုးရဖြစ်နေ အာဆီယံအသိအမှတ်ပြုဆဲဖြစ်လို့ သံရုံးတွေ ပိတ်သိမ်းတဲ့ သတင်းတု

NLD ကိုအစိုးရဖြစ်နေ အာဆီယံအသိအမှတ်ပြုဆဲဖြစ်လို့ သံရုံးတွေ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အာဆီယံနဲ့ ပြသာနာ တက်ပြီ NLD ဟာအစိုးရ ဖြစ်နေဆဲဟု အာဆီယံထုတ်ပြန် စင်ကပူ မလေးရှား ထိုင်း မြန်မာ သံရုံးအားလုံးပိတ်သိမ်း စစ်အုပ်စုကို ဆက်ဆံရေး တရားဝင်ရပ်ဆိုင်း” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ […]

Continue Reading

Fact Check: နကျယ်အုံနဲ့ ပျားရည်ရောစပ် စားသုံးရင် လေမဖြတ်ဘူးဆိုတဲ့ သတင်းမှား 

နကျယ်အုံနဲ့ ပျားရည်ရောစပ်ပြီး တကြိမ်တခါ စားသုံးပေးရုံနဲ့ လေမဖြတ်ဘူးဆိုတဲ့ ပို့စ်တွေဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုဖြစ်ပြီး သိပ္ပံနည်းကျ လေ့လာထားတဲ့ အထောက်အထား မရှိတာတွေ့ရတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “နဂျီအုံရှာမယ် အကောင်ပေါက်ပြီးသား နဂျီအုံ ဒါကပံသကူဖြစ်နေပါပြီ။ သားပေါက်မရှိတဲ့နဂျီအုံကအပေါက် ပွင့်နေပါတယ် အုံမှာအပေါက်ပွင့်နေတာပါသေချာထုတ်ယူပါ။အမှုန့်ထောင်းပါ့မယ်။ပြီးမှအဝတ်ပါးပါးနဲ့စကာချပါ။ ဂဲသေးသေးလေးများပါတတ်လို့ပါ။ စကာချပြီးသား နဂျီအုံအမှုန့်ကို ပျားရည်စစ်နဲ့ရောပါ။ မန်ကျည်းစေ့ခန့် အလုံး သုံးလုံံး လုံးပါ။ ဒါကို တနေ့တစ်လုံး သုံးရက်ဆက်တိုက်စားပါတစ်နှစ်လုံး လေမဖြတ်တော့ပါဘူး။ ဆေးစစားတဲ့ နေ့စွဲကိုမှတ်ထားပါ နောက်နှစ်ဒီအချိန်မှာဒီနည်းအတိုင်း ပြန်စားပါ။ ေ ၊သသည်အထိမှန်မှန်စားမယ်ဆိုရင် ေ ၊သသည်အထိ လေမဖြတ်တော့ပါ။လွယ်ကူထိရောက်သောနည်းကောင်းတခုဖြစ်ပါတယ်။”  Original link […]

Continue Reading

Fact Check: အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ NLD ကို စစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ သတင်းတု

အာဏာခွဲဝေဖို့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို စစ်ခေါင်းဆောင် ဖိတ်ခေါ်လိုက်တယ်ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုတခုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “စစ်ခေါင်းဆောင် လေသံပြောင်းပြီ NLDကို ‌ရွေးကောက်ပွဲပြိုင်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆက် သွယ်ဖိတ်ခေါ် အာဏာခွဲ့ဝေဖို့ပြောနေပြီ”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် […]

Continue Reading

Fact Check: အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးတဲ့ သတင်းတု

အကြမ်းဖက်အဖြစ် မြန်မာစစ်တပ်ကို အမေရိကန်ကြေညာပြီး စစ်တပ်က အမေရိကန်သံရုံးကို ဝင်စီးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ဝေမှုသာ ဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “အကြမ်းဖက်အဖြစ် အမေရိကန်က ကြေညာ အမေရိကန် သံရုံးကို စစ်တပ် ဝင်စီးနေပြီ တရုတ်နဲ့‌ပေါင်းပြီး အမေရိကန်ကို ပုန်ကန်တဲ့ စစ်တပ်ကို  အကြမ်းဖက်အဖြစ် အမေရိကန် ကမ္ဘာသိ ကြေညာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: မာရသွန်အပြေးသမား ဒေါက်တာမြင့်မိုရ်ဦး မြန်မာထမီနဲ့ မပြေးဘဲ ဘောင်းဘီနဲ့ ပြေးခဲ့တာလား – မဟုတ်ပါ

သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့က မာရသွန်ပြိုင်ပွဲတခုကို မြန်မာဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အတွက် ဒေါက်တာမြင့်မိုရ်ဦးကို ဂင်းနစ်မှတ်တမ်းက မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒေါက်တာမြင့်မိုရ်ဦး ဟာ ထမီမဟုတ်ဘဲ ဘောင်းဘီဝတ်ဆင်ပြီး အပြေးပြိုင်ခဲ့တာဆိုတဲ့ ပို့စ်တွေနဲ့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေ တာတွေ့ရတယ်။ သတင်းမှား တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဩစ​တြေလျမှာကို​ကျော်သူ့သမီး​လေး မြန်မာရိုးရာဝတ်စုံနဲ့မာရသွန်အပြေးပြိုင်ပွဲဝင်ပြီးဂင်းနစ်စံချိန်ဝင်သွားတယ်ပြောလို့ဝမ်းသာအားရရှာကြည့်လိုက်မိတာ.. ခင်ဗျားတို့ဗျာ .. အရမ်းကြီးတွေနင်းကန်မလော်ကြပါနဲ့.. “ဆေး​ကြောင့်​လေး”ဆိုတာမျိုး​တွေဖြစ်ကုန်ပြီးအားထုတ်ရတဲ့သူ​တောင်နာမည်ပျက်ပါမယ်.. သန်းလွင်ထွန်း ၅ စက်တင်ဘာ ၂၀၂၅ edit- အခုပုံနဲ့ video က AI လို့ပြောနေကြပြန်တယ်.. လော်တဲ့လူကစွတ်လော် .. လှော်တဲ့သူကစွတ်လှော်..” Original link | Archive link အခြား ဖေ့စ်ဘွတ်အသုံးပြုသူ တဦးကတော့ ရှမ်းဘောင်းဘီနဲ့ ဆင်တူတဲ့ ဘောင်းဘီဝတ်ဆင်ပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီဟု သားဖြစ်သူ ကြေညာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့ ချန်နယ်တခုက မျှဝေထားရာမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “စိတ်ခိုင်ခိုင်ထားပြီးမှ အဆုံးထိကြည့်ပါ ယနေ့ အရေးပေါ် ဆေးကုသစဉ်မှာပဲ  အမေစု သေဆုံးပြီဟု သားဖြစ်သူကြေညာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Cele World”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေတာတွေ့ရတယ်။ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါပိုမိုဆိုးရွားစွာ ခံစားနေရပြီး  ဆရာဝန်နဲ့ ပြသခွင့်တောင်းဆိုပေမဲ့ မရတဲ့အကြောင်း၊ ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရမရလည်း မသိရကြောင်း၊ အင်မတန် […]

Continue Reading

Fact Check: တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် အဖမ်းခံရတဲ့ သတင်းတု

တရုတ်ရောက် မြန်မာစစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နိုင်ငံတကာရဲတပ်ဖွဲ့က  ပြန်လည် ထွက်ခွာခွင့်ပိတ်ထားတယ်၊ တရုတ်နိုင်ငံက ဖမ်းလိုက်ပြီလို့ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ မှာ  ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အပြန်လမ်းမဲ့နေပြီ နိုင်ငံတကာ ရဲတပ်ဖွဲ့က ထွက်ခွင့်မပြု နိုင်ငံတကာခေါင်းဆောင်တွေအကုန် ပြန်ကုန်ပြီ မင်းအောင်လှိုင် လေဆိပ်ကနေ ထွက်ခွာခွင့်မရ ဖြစ်နေ ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “”Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ့ရတယ်။ မြန်မာ စစ်ခေါင်းဆောင်ဟာ […]

Continue Reading

Fact Check: တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

တရုတ်က ဖိအားပေးလို့ အကျဉ်းသားအားလုံး စစ်ခေါင်းဆောင် လွှတ်ပေးလိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့ ချန်နယ်တခုက မျှဝေထားရာမှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှာ တခုဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒေါ်စုသတင်း အပြည့်အစုံလာပြီ အကျဉ်းသားများ လွတ်ငြိမ်းရပြီ တရုတ်သွားတဲ့ စစ်ခေါင်းဆောင် အမိန့်ထုတ်ပြန် တရုတ်ရဲ့ ဖိအားကြောင့် အကုန်လွတ်ငြိမ်းပေးရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandala KhitThit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တာတွေ့ရတယ်။ မြန်မာ စစ်ခေါင်းဆောင် ဟာ တရုတ်‌သွားတဲ့ ခရီးစဉ်အတွင်းမှာ အကျဉ်းသားတွေ လွှတ်‌‌ပေးတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။  တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ဝေလငါးလေ့ကျင့်ရင်း သေဆုံးခဲ့ရတဲ့ ဂျက်စီကာ ရက်ဒ်ကလစ် ဗွီဒီယိုက တကယ့်အဖြစ်အပျက် မဟုတ်ပါ 

ဝေလငါးအလှပြဖို့ လေ့ကျင့်ရင်း ဝေလငါး လေ့ကျင့်ရေးကျွမ်းကျင်သူ ဂျက်စီကာ ရက်ခ်ကလစ်(Jessica Radcliffe) သေဆုံးခဲ့ရတယ်ဆို ဗွီဒီယိုတခု လူမှုကွန်ယက်မှာ  ပျံ့နှံ့မှု အားကောင်းခဲ့ တာတွေ့ရတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ဒီဗွီဒီယိုဟာ အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မဟုတ်ဘဲ ဉာဏ်ရည်တုနည်းပညာအသုံးပြုပြီး စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဖန်တီးမှုတခုသာဖြစ်တယ်။  ဒီလိုပြောဆိုဖြန့်ဝေခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်၊ တစ်တော့နဲ့ ယူကျူ့မှာ အများအပြားပျံ့နှံ့ခဲ့တဲ့ ဝေလငါးတကောင်က လေ့ကျင့်ရေးအမျိုးသမီးတဦးကို တိုက်ခိုက်သတ်ဖြတ်လိုက်တဲ့ ဒီဗွီဒီယိုနဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်တဲ့ အဖွဲ့အစည်းအတော်များများက အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ သီရိလင်္ကာအခြေစိုက် Fact Crescendo ရဲ့ အချက်အလက် […]

Continue Reading