Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ရန်ကုန်မြို့က နေအိမ်ကို ပြန်ရောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ဧပြီ ၁၇ ရက်ကတည်းက ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ကောလာဟလ သတင်းတွေဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ချန်နယ်တခုက ဒီကနေ့(ဧပြီ ၁၈ ရက်)မှာ  ဖြန့်ဝေလာတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အမေစု ခြံအမှတ် (၅၄) ပြန်ရောက်ပြီ လူထုခေါင်းဆောင် မျက်နှာ ပြန်မြင်ရပြီ ၊ ပြည်သူတွေကို နှတ်ဆက်မိန့်ခွန်း ပြောနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာနှစ်ဆန်း ၁ ရက်(ဧပြီ ၁၇ ရက်)က တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရန်ကုန်နေအိမ် ခြံအမှတ် […]

Continue Reading

Fact Check: ရန်ကုန်က သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးတဲ့ သတင်းတု

သင်္ကြန်အကျနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးခဲ့ တယ်လို့ ဆိုထားတဲ့  ဗွီဒီယိတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ ဧပြီ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၅၃၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “သင်္ကြန် အကျနေ့ ရန်ကုန် သွေးလူးနေရပြီ ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ် ဗုံးပေါက်လို့ ဘောမအနုပညာရှင်တွေအပါ (၁၂၀) ခန့် သေဆုံး”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာသင်္ကြန်မဏ္ဍပ်မှာ ပြင်းထန်တဲ့ […]

Continue Reading

Fact Check: နေပြည်တော် သင်္ကြန် ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးဆို တဲ့သတင်းတု

နေပြည်တော်မှာ သကြန်အကြိုနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့    ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ ဧပြီ ၁၃ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၆၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “နေပြည်တော်သင်္ကြန် သွေးချောင်းစီးပြီ စစ်တပ် ဘောမတွေနဲ့ စည်ကားနေတဲ့ နေပြည်တော် သကြန် ဗုံးပေါက်လို့ ဘောမတွေ (၅၀) ကျော်သေဆုံး”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲမှာ သင်္ကြန်အကြိုနေ့ အခမ်းအနားတွေ […]

Continue Reading

Fact Check: မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUG ကို အမေရိကန်ပေးပို့တဲ့ သတင်းတု

မြန်မာစစ်တပ်တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ဆီ အမေရိကန်က ပေးပို့လိုက်တယ်လို့ ဆိုပြီး ယူကျူ့ချန်နယ်တခုက ဖြန့်ဝေနေတာဟာ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အမေရိကန် ကြားဖြတ် ဝင်လာပြီဟေ့  လေယာဉ်ပစ်လက်နက်ကြီး NUG ကို ပို့ပေးပြီ  အမေရိကန်မှ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးကျည်တွေ NUGကို့ပို့ပေးပြီ” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန်အစိုးရမှ လေယာဉ်ပစ်ကာကွယ်ရေး လက်နက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆီ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများထွက်ပေါ်နေတယ်လို့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ၄င်းတို့ သတင်းဗွီဒီယိုထဲမှာ ပြောဆိုထားပေမဲ့ လက်ရှိအချိန်အထိ အမေရိကန်အစိုးရ ဒါမှမဟုတ် NUG ဘက်က […]

Continue Reading

Fact Check:မြန်မာကို ငွေကြေးလိမ်လည်မှုနဲ့ အရေးယူဖို့ အမေရိကန်တပ် ထိုင်းကနေ ဝင်လာပြီဆိုတဲ့ သတင်းတု 

မြန်မာနိုင်ငံကို ငွေကြေးလိမ်လည်မှုကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဖို့အတွက် အမေရိကန်တပ် ထိုင်းကနေ ဝင်လာပြီ ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “အမေရိကန် တပ် ထိုင်းကနေ ဝင်လာပြီ နေပြည်တော် အဝင်အထွက် ပိတ်ပြီ ကြောက်လန့်နေ ထိုင်းနိုင်ငံကလည်း အမေရိကန် မြန်မာဝင်မည်ဟု တရားဝင်ကြေညာ သတ္တုတွင်း နဲ့အတူ ကြားဖြန့် ဖြေရှင်းရေးဟု အမေရိကန် ထုတ်ပြန်” Original link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khitthit ” ယူကျူ့ချန်နယ်အပါအဝင် မြန်မာကို အရေးယူဖို့ […]

Continue Reading

Fact Check: အစိုးရသစ်က လွတ်ငြိမ်း ကြေညာလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

အစိုးရသစ်က လွတ်ငြိမ်း ကြေညာလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အစိုးရသစ် လွတ်ငြိမ်း ကြေညာပြီ အမေစု မျက်နှာ ပြန်မြင်ရနေပြီ လူရာဝင်ချင်တဲ့ မင်းအောင်လှိုင် ချက်ချင်း လွတ်ငြိမ်း ကြေညာ ၊ နိုင်ငံတကာကို လှည်စားဖို့ လုပ်နေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။  လွှတ်တော်ရဲ့ ရွေးကောက်ခံ သမ္မတအဖြစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟာ ဧပြီ […]

Continue Reading

Fact Check: အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ စစ်ဆင်ရေးကွပ်ကဲနေပုံဟာ AI ပြုလုပ်ချက်သာဖြစ်တယ်

အစ္စ‌‌ရေးရဲ့ ဒီမိုနာ(Dimona) နျူး ကလီးယား ဓာတ်ပေါင်းဖိုတိုက်ခိုက်မယ့် အစီအစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်လုံးထွက်ပြပြီး အနီးကပ်ကွပ်ကဲနေတဲ့ အီရန် ခေါင်းဆောင်သစ် မိုဂ်ျတာဘာ ခါမေနီ(Mojtaba Khamenei)လို့ ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ တကယ်တော့ ဗွီဒီယိုဟာ AI နဲ့ပြုလုပ်ထားတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။  မြန်မာဘာသာနဲ့ ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “အီရန်က မိုတာဘက်ချ်ခါမေနီ​၏ video ကို ပထမဆုံးထုတ်ပြန်။ စစ်ဆင်ရေးခန်းမအတွင်း ဝင်ရောက်လာပုံဖြစ်ပြီး နံရံတွင်ဖော်ပြထားသော မြေပုံသည် အစ္စရေးနူကလီးယားဓာတ်ပေါင်းဖိုဖြစ်သည်။” Original link | Archive link […]

Continue Reading

Fact Check: အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ်သစ်ကြေညာတဲ့ သတင်းတု

အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ်သစ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုမှာ ဖော်ပြထားတဲ့  ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းမည် တပ်ချုပ်အသစ် ရဲဝင်းဦး ဒီနေ့စတင်ကြေညာ နိုင်ငံတော် အရေးပေါ် ဥဗဒေ အားလုံး ဖျက်သိမ်း အကျဉ်းသားများ အားလုံး လွတိငြိမ်းပေးမည်ဟု ဆို” Original link | Archive link အချက်အလက်စိစစ်ချက် အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြေညာတယ်ဆိုတာ […]

Continue Reading

Fact Check: ဧပြီ ၁ ရက်က စပြီး စုံ/မ ကန့်သတ်ချက်ဖျက်သိမ်းပြီး ၅ ရက်တခါ ဆီထည့်ခွင့်ပြုမယ့် အစီအစဉ်ဆိုပြီး ကောလာဟလ ပျံ့နှံ့

ဧပြီ ၁ ရက်က စပြီး မော်တော်ယာဉ်တွေ စုံရက် မရက် ကန့်သတ်ချက်နဲ့ အပြင်ထွက်ခွင့် ဖျက်သိမ်းလိုက်သလိ ကားနံပါတ်နဲ့ နေ့အလိုက် သတ်မှတ်ချက်ရောင်းချမှာကြောင့် ယာဉ်တစီးဟာ ၅ ရက်တခါပဲ ဆီဆိုင်တွေမှာ ဆီဖြည့်နိုင်တော့မယ် ဆိုပြီးတော့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနောတွေ့ရတယ်။ ကောလာဟလ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ဧပြီလ (၁) ရက်နေ့မှစ၍ ဓာတ်ဆီကားများအတွက် သတင်းကောင်း! စုံ၊ မ စနစ် မခွဲခြားဘဲ ထွက်ခွင့်ရမည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီကားတွေဟာ စုံ/မ နံပါတ်စနစ်ကို လိုက်နာစရာမလိုဘဲ ပုံမှန်အတိုင်း သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။ 🌟 […]

Continue Reading

Fact Check: တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတဲ့ သတင်းတု

တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “(၈၁)နှစ် တပ်မတော်နေ့ တိုက်ခိုက်ခံရ စစ်အရာရှိတွေအပါဝင် (၆၂) ဦး သေဆုံး ၊ သွေးချောင်းစီး နေပြီး အခမ်းနားပါ ဖျက်သိမ်းလိုက်ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် မတ် ၂၇ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က တပ်မ‌တော်နေ့ကို ပုံမှန်အတိုင်း ကျင်းပခဲ့တာ တွေ့ရပါတယ်။သံတောင်ကြီးမြို့နယ် စစ်တပ်တိုက်ခိုက်ရေးသင်တန်းကျောင်းကို […]

Continue Reading