Fact Check: စစ်တွေ၊ပုသိမ်နဲ့ ပဲခူး AA သိမ်းပိုက်မှု သတင်းတု

အာရက္ခတပ်တော်(AA)က ရခိုင်ပြည်နယ် စစ်တွေ၊ ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ ပဲခူးတိုင်း ပဲခူးမြို့တို့ကို သိမ်းပိုက်လိုက်တယ်လို့ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “စစ်တွေမြို့ AA သိမ်းပြီဟေ့ မင်းအောင်လှိုင်က တောင်းပန်နေတဲ့ကြားက AA ကတော့ အပြတ်ရှင်းနေပြီ ၊ မြို့တော်စစ်တွေ အပြီးသတ်သိမ်းပိုက်” Original link | Archive link ပုသိမ်မြို့သိမ်းပိုက်လိုက်ပြီဆိုတဲ့ ပြောဆိုချက်ကို ဒီနေရာနဲ့ ပဲခူးမြို့ကို သိမ်းပိုက်လိုက်ပြီး ဆိုတဲ့ ပြောဆိုချက်ကို ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဒီလို AA က စစ်တွေ၊ ပုသိမ်နဲ့ […]

Continue Reading

Fact Check: ဝစီပိတ် ဆရာတော်ကို တော်လှန်ရေး အဖွဲ့တွေက ပစ်သတ်တဲ့ သတင်းတု

သမ္မတတဖြစ်လဲ အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် ကိုးကွယ်တဲ့  ဝစီပိတ် ဆရာတော်ကို တော်လှန်ရေး အဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စာသားကောက် နုတ်ချက်နဲ့ စခရင်‌ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “ဝစီပိတ် ဆရာတော် ပစ်ခတ်ခံရ မင်းအောင်လှိုင် ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော် တော်လှန်ရေးတပ်ဖွဲ့ တွေက ပစ်သတ် ၊ ဝဋ်လည်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: မြန်မာစစ်ခေါင်းဆောင် လာလည်ပြီးနောက် လမ်းတွေကို ထိုင်းပြည်သူတွေ နွားနို့နဲ့ ဆေးကြောပစ်ခဲ့သလား – မဟုတ်ပါ

ထိုင်းနိုင်ငံကို သမ္မတတဖြစ်လဲ မြန်မာစစ်တပ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် လာလည်ပြီးနောက်မှာ ထိုင်းပြည်သူတွေက လမ်းမတွေကို နွားနို့နဲ့ ဆေးကြောပစ်ကြတယ်ဆိုပြီး နွားနို့တွေ လမ်းမပေါ် သွန်ပစ်နေတဲ့ ဓာတ်ပုံတပုံနဲ့အတူ ပို့စ်တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ တကယ်တမ်းမှာ ဉာဏ်ရည်တု နည်းပညာအသုံးပြုဖန်တီးထားတဲ့ ဓာတ်ပုံတပုံဖြစ်ပြီး အဖြစ်အပျက်ဟာ အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အထောက်အထားမရှိပါဘူး။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ထိုင်းနိုင်ငံရှိ ပြည်သူများက မအလ ထိုင်းနိုင်ငံသို့ လာရောက်ပြီးနောက် ထိုင်းနိုင်ငံရှိ လမ်းမများကို နွားနို့များဖြင့် ဆေးကြောနေကြပါသည်။  အရှေ့တိုင်းအယူဆများအရ အမင်္ဂလာကောင် အိမ်သို့ရောက်လာခြင်း၊ မြို့သို့ဝင်လာခြင်းများ ရှိပါက နမိတ်မကောင်း‌ကြောင်း၊ ကျတ်သရည်ယုတ်ကြောင်း အယူရှိကြပြီး ထိုသူပြန်သွားသောအခါ […]

Continue Reading

Fact Check: ထိုင်းအပြန် မင်းအောင်လှိုင် လေယာဉ် ပျက်ကျပြီး သေဆုံးတဲ့ သတင်းတု

ထိုင်းကအပြန်မှာ သမ္မတ တဖြစ်လဲ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် လေယာဉ် ပျက်ကျပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စာသားကောက် နုတ်ချက်နဲ့ စခရင်‌ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာတွေမှာလည်းတွေ့ရတယ်။ “ထိုင်းအပြန် မင်းအောင်လှိုင် လေယာဉ် ပျက်ကျ  ဝန်ကြီး ၈ ဦးနဲ့ အရာရှိ ၁၂ ဦး သေဆုံး   လေယာဉ် စက်ချို့ယွင်းမှု ဖြစ်ဟု ထိုင်းက သတင်းထုတ်ပြန်  အရေးပေါ် ကယ်ဆယ်ရေး ထိုင်းအစိုးရ လုပ်ဆောင်နေ” Original link | Archive link အချက်အလက်စိစစ်ချက် စစ်ခေါင်းဆောင်ဟောင်း ထိုင်းက အပြန် […]

Continue Reading

Fact Check: သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ထိုင်းကျောင်းသားနဲ့ မိခင် အွန်လိုင်းက စကားပြောခန်းလား- အထောက်အထားမရှိပါ

 ဩဂုတ်လ ၇ ရက်က ဘန်ကောက်မြို့ အနီးက ဒက်ဘ်ဆီရင် နွန်သဘူရီ(Debsirin Nonthaburi) ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းဖွယ်ပစ်ခတ်မှုမှာ အသက် ၁၄ နှစ်အရွယ် ပစ်ခတ်သူအပါအဝင် ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။ ဒီသတင်းဟာ မြန်မာဘာသာနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပြောဆိုမျှဝေမှုများပြားခြင်းနဲ့အတူ ကောလာဟတွေလည်း ပျံ့နှံ့နေပါတယ်။  အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှု အားကောင်းနေတဲ့ သံသယရှိသူ၊ ၎င်းရဲ့ မိသားစုနဲ့ ပတ်သက်ပြီးအတည်ပြုချက်မရှိတဲ့ ကောလာဟလတခုရဲ့ ပြောဆိုမျှဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ ပြောဆိုမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “မနေ့က စာသင်ကျောင်းမှာဖြစ်သွားတာ အားလုံးသိပြီး ဖြစ်မှာပါ။ ဒီထဲမှာမှ ကျူးလွန်သူကျောင်းသားရဲ့ သူအမေနဲ့နောက်ဆုံး စကားပြောခဲ့တဲ့ screen shot ကို ‌ စိတ်၀င်စားစရာ‌ေတွတွေ့ရတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု

နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် စစ်အစိုးရက ပြန်လွတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ စစ်အစိုးရတွေ့ဆုံပေးခဲ့မှုဟာ ပြန်လည်လွတ်မြောက်လာခြင်းမဟုတ်ပါဘူး။  ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ နာလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုတခုက ဖော်ပြထားတဲ့ စာသားကောက် နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရတယ်။ “အမေစုကို လွတ်ပေးလိုက်ရပြီ အာဆီယံ အစည်းဝေးတက်ချင်နေတဲ့ မင်းအောင်လှိုင် အမေစုကို လွတ်ပေးဖို့ သဘောတူလိုက်ပြီ ၊ ပြည်သူတွေနဲ့ တွေ့ဆုံခွင့်ပြုနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးခဲ့ ကြောင်း နေပြည်တော် စစ်အစိုးရ […]

Continue Reading

Fact Check: Popa Garden Resort Hotel မှာ တည်းခိုနေတဲ့ ခရီးသွားတွေကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဓာတ်ပုံလား – မဟုတ်ပါ

ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာက Popa Garden Resort Hotel မှာ တည်းခိုနေတဲ့ ခရီးသွားဧည့်သည် ၁၁ ဦးကို ဇူလိုင် ၂၇ ရက်က PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပြီး ဓာတ်ပုံနဲ့ တကွ ဖြန့်ဝေနေတဲ့ ပြောဆိုချက်တခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “ပုပ္ပါးနဲ့ ပုဂံဒေသတစ်ဝိုက်မှာ အပန်းဖြေလာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေရဲ့ ဘဝလုံခြုံရေးဟာ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်လာနေပြီလဲ။ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာရှိ Popa Garden Resort Hotel မှာ […]

Continue Reading

Fact Check: လူရွှင်တော် ဇာဂနာက စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး NLD အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှုတ်ချထားတဲ့ လုပ်ကြံရေးသားဖြန့်ဝေမှု ပျံ့နှံ့ခဲ့

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သလို အနုပညာရှင်နဲ့ လူရွှင်တော်လည်းဖြစ်တဲ့ ဇာဂနာ က ၂၀၂၁ စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး NLD အစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ရှုတ်ချထားတဲ့ ပို့စ်တွေဟာ  စစ်အာဏာသိမ်းပြီး ရက်အနည်းငယ်ကတည်းက  ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ကြိမ်ဖန်များစွာပျံ့နှံ့ခဲ့ပြီး လက်ရှိအချိန်အထိ ပုံစံမျိုးစုံနဲ့ ဖြန့်ဝေနေတာလည်းတွေ့ရတယ်။  တကယ်တော့ လူရွှင်တော် နိုင်ငံရေးသမား ဇာဂနာ နာမည် ကိုအသုံးပြုပြီး လုပ်ကြံရေးသားထားတဲ့ရေးသားချက် ဖြစ်ပြီး ဇာဂနာကလည်း သူ့ရဲ့ ရေးသားပြောဆိုချက်မဟုတ်ကြောင်း တရားဝင် ငြင်းချက်ထုတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလလောက်ကတည်းကစတင်ဖြန့်ဝေခဲ့တဲ့ ပို့စ်မှာ “ကိုယ့်ထမင်း ကိုယ်စားပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ / ထောင်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင် ဖြစ်ခဲ့တဲ့ ဒေါက်တာ ဦးသူရ (ခ) ဦးဇာဂနာ ရဲ့ လက်ရှိနိုင်ငံရေး […]

Continue Reading

Fact Check: အီလွန်မက်ကို လာဘ်ထိုးပြီး အင်တာနက်တွေ စစ်ကောင်စီ ပိတ်သိမ်းတော့မယ်ဆိုတဲ့  သတင်းမှား

SpaceX တည်ထောင်သူ အီလွန်မက် ဒေါ်လာသန်းထောင်ချီ လာဘ်ပေးပြီး သူ့အအကူအညီနဲ့ ဂြိုလ်တု အင်တာနက်တွေ မြန်မာနိုင်ငံကနေ စစ်ကောင်စီ ပိတ်သိမ်းတော့မယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “(၁)ရက်အတွင်း လိုင်းပိတ်သိမ်းမယ် အီလွန်မစ်အကူညီနဲ့ (၁)ရက်အတွင်း ဖုန်းအင်တာနက် လိုင်း အကုန်ပိတ်သိမ်းမယ့်သတင်း ပေါက်ကြားလာ” Original link | Archive link အချက်အလက်စိစစ်ချက် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီရဲ့ အင်တာနက် ကန့်သတ်ပိတ်ပင်ထားတဲ့ ဒေသက လူထုတွေ အဓိက ထားသုံးဆွဲခွင့်ရနေတဲ့ စတားလင့်ခ်(Starlink)ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတွေကို ဖြတ်တောက်ဖို့အတွက် စပေ့ချ်အိက်စ်(SpaceX) အမှုဆောင်အရာရှိချုပ် အီလွန်မက်(Elon Musk)ကို ဒေါ်လာသန်း ထောင်ချီကာ မြန်မာစစ်တပ်က လာဘ်ထိုးပြီး […]

Continue Reading

Fact Check: အာဇာနည်နေ့အခမ်းအနားကအပြန် လမ်းမှာ စစ်ခေါင်းဆောင်ဟောင်းနဲ့ ဝန်ကြီးတွေ ဖောက်ခွဲတိုက်ခိုက်ခံရတဲ့ သတင်းတု

အာဇာနည်နေ့အခမ်းအနားကအပြန်လမ်းမှာ သမ္မတတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်နဲ့ ဝန်ကြီးတွေ ဖောက်ခွဲတိုက်ခိုက်ခံရ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “စစ်တပ် အာဇာနည်နေ့ ဗုံးပေါက်ကွဲ မင်းအောင်လှိုင်နဲ့ ဝန်ကြီး များ အပြန်လမ်းမှာ ပေါက်ကွဲ  ဘောမတွေနဲ့ စစ်တပ်အနား နေတဲ့ ပြည်သူတွေ လည်း ထိကုန်ပြီ ဒဏ်ရာရ သူ များပြားဟုသတင်းထွက်ပေါ်”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် အာဇာနည်နေ့ အခမ်းအနားက အပြန်လမ်းမှာ မင်းအောင်လှိုင်နဲ့ ဝန်ကြီးတွေ ဖောက်ခွဲတိုက်ခိုက်ခံရမှု ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ တစုံတရာဖော်ပြချက်မတွေ့ရပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay […]

Continue Reading