Fact Check: Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရွှေတိဂုံစေတီပုံစံနောက်ခံဆလိုက်မီးနဲ့ ကကွက်တင်ဆက်မှုမှာ ဘုရားပုံရိပ်ကို ခြေထောက်နဲ့နင်းတယ်ဆိုပြီးတော့ ဝေဖန်ခံနေရပါတယ်။

ဒီလို အခြေအနေမှာ ဘုရားပုံရိပ်ကို ခြေနဲ့နင်းတဲ့ကိစ္စဟာ တီထွင်ဆန်းသစ်မှုပဲဖြစ်ပြီး တကယ်ဘုရားကို နင်းတာမျိုး မဟုတ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီး ပို့စ်တွေ ပျံ့နှံလျက်ရှိပါတယ်။ ဒီပို့စ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ Project K အဖွဲ့တွေ့ဆုံနေပုံ အပါအဝင် ဓာတ်ပုံ သုံးပုံနဲ့ အတူမျှဝေထားတာ ဖြစ်ပါတယ်။

သို့သော်လည်း မျှဝေလျက်ရှိတဲ့ပို့စ်မှာပါတဲ့ ဓာတ်ပုံတွေဟာ ဒီဖြစ်စဉ်နှင့်သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံဟောင်း တွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က Project K ဘက်က ကာကွယ်ပြောဆိုခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။

“ပန်းချီကားလိုပုံဖော်ထားတာကို နင်းပြီးက တာ တကယ့်ဘုရားကိုနင်းတာမဟုပ်တဲ့အတွက် အပြစ်မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော”လို့ခေါင်းစဉ်တပ်ထားတဲ့ပို့စ်ကို “သိမ့်သိမ့် စိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၇ ရာ‌ကျော်ရှိခဲ့ပါတယ်။ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာ သတင်းတင်ဆက်ရေးသားဟန်နဲ့ရေးသားထားပေမဲ့ သတင်းလောကမှာ လိုက်နာကျင့်သုံးတဲ့ အရေးအသားဖြစ်တဲ့ ဘယ်နေရာမှာ၊ ဘယ်လိုအခြေအနေမျိုးမှာ၊ ဘာကြောင့် ပြောတယ်ဆိုတာမျိုး ဒီပို့စ်မှာ မတွေ့ရပါဘူး။

ပထမဆုံး Project K နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုရက်ပိုင်းအတွင်းမှာတွေ့ဆုံခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ Project K ဟာ အောက်တိုဘာ ၁၃ ရက်ညပိုင်းမှာမှ ရန်ကုန်လေဆိပ်ကို ပြန်လည်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဒီပို့စ်မှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်က သူ့ရဲ့ နေအိမ်မှာ Project K အဖွဲ့ကိုလက်ခံတွေ့ ဆုံတုန်းက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

https://www.facebook.com/681891748835994/posts/762375930787575

မူရင်းလင့်ခ် –  FB linkArchive link 

7day သတင်းဌာနက အဲဒီအချိန်က သတင်းဖော်ပြချက်ဗွီဒီယိုကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အလားတူဒေါ်အောင်ဆန်းစုကြည် Project K ကိစ္စမှတ်ချက်ကို အခြားသော သတင်းဌာနတွေမှာ ဖော်ချက်မတွေ့ရပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဉီးနေဘုန်းလတ်က အချက်အလက်စိစစ်ရေး အဖွဲ့ တစ်ခုဖြစ်တဲ့ Boom ကို မှတ်ချက်ပေးခဲ့တာတွေ့ရပါတယ်။ Fact Crescendo Myanmar က ဒေါ်အောင်ဆန်း စုကြည်က ဒီလိုမှတ်ချက်ပေးနိုင်ခြေရှိမရှိအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ် အတည်ပြုရာခဲ့ရာမှာလည်း ဉီးနေဘုန်းလတ် အောက်ပါအတိုင်းပြောပါတယ်။

“ဒီအချိန်မှာ အရမ်းအလုပ်များနေတဲ့အချိန်ဖြစ်တယ်။ ရေးထားတဲ့အနေအထားကလည်း ဒီအချိန်မှာ တမင်သက်သက်ဘာသာရေးကို အကြောင်းပြုပြီးတော့ နိုင်ငံရေးကို တိုက်ခိုက်တဲ့သဘောပဲ။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့လည်း ဒီလောက်အခြားကိစ္စတွေနဲ့ ရှုပ်နေတဲ့အချိန်မှာ ဒီကိစ္စ သိတောင် သိပါ့မလားမသိဘူး။ အွန်လိုင်းမှာသာပြောနေကြတာ။ နောက်ပြီး ဒါက သတင်းမဟုတ်ဘူးဗျ။ ဒီလိုကိစ္စတွေကို လျှောက်ပြီးရေးတဲ့ သတင်းဌာနကိုလည်း ကျွန်တော်ကတော့ သဘောမကျ။ ဒီဟာက သတင်း လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ နောက်ပြီးတော့ သူတို့တွေကလည်း တရားဝင်တောင်းပန် ထားပြီးပြီပဲ။ ကျွန်တော်ပြောပြမယ်။ ဗုဒ္ဓဘာသာ တကယ်စစ်ရင် စိတ်စေတနာက အရေးကြီးဆုံးပဲ။ ဒီကလေးတွေ တကယ်စိတ်ထဲမှာ ပါပြီးလုပ်တာ မဟုတ်ဘူး။ ဒါ ကျွန်တော်လည်းပဲ ယုံတယ်။ စိတ်စေတနာသာ အရေးကြီးဆုံးပဲ။ ဒီကလေးတွေ မသိလို့ဖြစ် တဲ့ကိစ္စမှာ အဲလောက်ကြီး ဖြစ်နေစရာလည်း အကြောင်းအရင်းမရှိဘူး။ နောက်ပြီးတော့ ဗုဒ္ဓဘာသာကို တကယ်သက်ဝင်ယုံကြည်ပြီးတော့ ဖြစ်နေတဲ့သူက နည်းနည်းပါ။ အခု ဆန္ဒပြပွဲတွေဘာတွေလုပ်နေတဲ့ ဆိုတဲ့ကိစ္စက ဒီဘာသာရေးကို နိုင်ငံရေးအရ အသုံးချတာပဲ။ ဆန္ဒပြတဲ့သူတွေက ဒီပရောဂျက်ကေအဖွဲ့ကို သိတောင် သိရဲ့လားမသိဘူး။စာလုံးပေါင်းတွေကလည်း အမှားတွေ။ကျွန်တော်မြင်တာတော့ ဒီကိစ္စပေါ်အကြောင်းပြုပြီးတော့ နိုင်ငံရေးအရ အသုံးချတာလို့ပဲမြင်တယ်”

ယုံလေး သီချင်းဗွီဒီယိုကိစ္စ လူမှုကွန်ယက်မှာ ဝေဖန်မှုမြင့်တက်နေတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီသီချင်းဗွီဒီယိုပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်ဆိုပြီးတော့ သတင်းမှားဖြန်ဝေခဲ့ပါသေးတယ်။ အဲဒီတုန်းက Fact Crescenod Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ် ဝင်ရောက်လေ့လာ နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ Project K ကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မှတ်ချက်ဆိုတဲ့ ပို့စ်ဟာ သတင်းတုသတင်းမှာသာဖြစ်ပါတယ်။

Avatar

Title:Project K ကိစ္စ ဒေါ်အောင်ဆန်းစုကြည်ပြောတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *