Fact Check: သီတဂူရေအလှူတော် ပဒေသာပင် ကျပ်ငွေ ၁၀၀ ကုဋေ့ကို COVID-19 အတွက်လှူဒါန်းမှုအဖြစ် သတင်းမှားဖြန့်

False လူမှုရေး

ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီလို့ ရေးသားမျှဝေနေတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။

 သီတဂူဆရာတော်ဘုရားကြီးက ကိုဗစ် ကာကွယ်ရေးအတွက် လိုအပ်တာတွေ လှူသလိုမရှိတဲ့သူတွေကိုလည်း စားနပ်ရိက္ခာတွေ မကြာခဏလှူဒါန်းနေပြီး ကိုဗစ် ၁၉ ကာကွယ်ဖို့ သီတဂူဆရာတော်ကြီး ကုဋေတစ်ရာ လှူလိုက်ပါပြီ လို့ရေးသားပြီး “ကုဋေ တစ်ရာ”လို့ရေးသားထားတဲ့ မှတ်တမ်းဓာတ်ပုံနှင့်အတူ မျှဝေထားပါတယ်။

သို့သော်လည်း ဒီဓာတ်ပုံဟာ သီတဂူရေအလှူတော်ပဒေသာပင်အတွက် ငွေကျပ် ကုဋေ ၁၀၀ မတည်လှူဒါန်းပေးမှု အခမ်းအနားမှ မှတ်တမ်းဓာတ်ပုံဖြစ်ပြီး COVID-19 အတွက်လှူဒါန်းမှုနှင့်သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

သီတဂူဆရာတော်ကြီးက ကိုဗစ်ကာကွယ်ရေးအတွက်အလှူအဖြစ်ဖော်ပြနေတဲ့ ပို့စ်တွေကို ဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားပါတယ်။ ဝက်ဘ်ဆိုဒ်နဲ့ဘလော့စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာဒီနေရာနဲ့ ဒီနေရာ နဲ့ဒီနေရာတွေမှာမျှ ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းနဲ့ အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာ ဒီပို့စ်ပါဓာတ်ပုံကို အောက်တိုဘာ ၈ ရက်မှာ သီတဂူဆရာတော်ကြီးရဲ့ သတင်းများနှင့် လှူဒါန်းမှု အစုစုသတင်းတွေကို ဖော်ပြနေတဲ့ “သီတဂူ ဆရာတော်နှင့် သီတဂူသတင်းများ”ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားတာတွေ့ရပါတယ်။ “ကျေးဇူးတင် ဝမ်းမြောက်လျက် ဆုတောင်းမေတ္တာပို့သခြင်း”လို့ခေါင်းစဉ်တပ်ထားပြီး “နှစ်-၄၀ ပြည့်မြောက်သည့် ၁၃၈၂ ခုနှစ် (၂၀၂၀) အခါသမယတွင် မင်းကွန်းဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးများကို ဦးထိပ်ပန်ဆင်၍ တိပိဋကဆရာတော် အများစု ပွင့်ထွန်းပေါ်ရာ မင်းကွန်းဒေသအထိ တိုးချဲ့လှူဒါန်းနိုင်ခဲ့သည်။ မင်းကွန်းတွင်လည်း မီးစက်၊ ထရန်စဖေါ်မာ၊ ရေစက်ရုံအသစ်၊ ရေစက်အသစ်များ၊ ရေပိုက်လိုင်းဆွဲခြင်း စသည်တို့ကို လှူဒါန်းခဲ့သည့်အပြင် အနာဂတ် ကုန်ကျငွေအစုစုတို့အား ပေးဆောင်နိုင်ရန်အတွက် ရေအလှူတော် ပဒေသာပင်အတွက် ကျပ်ငွေ-၁၀၀ ကုဋေ ကိုလည်း မတည်လှူဒါန်းပေးနိုင်ခဲ့ပါသည်”လို့ ဒီပို့စ်မှာ ရေးသားထားပါတယ်။

မူရင်းလင့်ခ် –  FB linkArchive link 

ဒီရေပဒေသာပင်အလှူတော်နဲ့ပတ်သက်ပြီး မြို့တော်သတင်းဌာနက သတင်းဖော်ပြချက်ကို ဒီနေရာမှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ လူမှုကွန်ယက်အသုံးပြုသူများအကြားမျှဝေလျက်ရှိတဲ့ COVID-19 တိုက်ဖျက်ရေး အတွက် သီတဂူဆရာတော်ကြီးမှ ကုဋေ ၁၀၀ လှူဒါန်းမှုအဖြစ်ဖော်ပြချက်ဟာ အချက်အလက်မှားဖြစ်ပါတယ်။

Avatar

Title:Fact Check: သီတဂူရေအလှူတော် ပဒေသာပင် ကျပ်ငွေ ၁၀၀ ကုဋေ့ကို COVID-19 အတွက်လှူဒါန်းမှုအဖြစ် သတင်းမှားဖြန့်

Fact Check By: Nayarr Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *