Fact Check: KIA တပ်ရင်း ၁၂ ကို စစ်ကောင်စီ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား မြန်မာတပ်မတော်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားမှာပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ စစ်သားတွေအောင်ပွဲခံနေတဲ့ပုံ၊ အဘုသအခမ်းအနားတစ်ခုဓာတ်ပုံလည်းပါဝင်ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာ ဖြစ်ပါတယ်။

အောက်ပါစာသားတွေကတော့ပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။

“စစ်တိုက်တာနိုင်ဘို့ဘဲလိုတယ် ပန်းနဲ့ပေါက်နေတာမှမဟုတ်တာ၊

KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ အား

မြန့်မာ တပ်မတော်မှ အပြီးသတ် 

သိမ်းပိုက်လိုက်ပြီဖြစ်ပါကြောင်း

ကျဆုံး ရဲဘော် တွေကိုလည်း လက်တင် 

အလေးပြုပါသည် 

Credit#နဝထ&Nay Min”လို့ရေးသားပြီး “မြပန်း နွယ်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား တာတွေ့ရပါတယ်။ 

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ဒီနေရာဒီနေရာဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

အချက်အလက်စိစစ်ချက် 

အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ယခုရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ KIA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲအချို့ရှိတာတွေ့ရပါတယ်။ သို့သော် ယခု ရက်ပိုင်းအတွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေဖြစ်ခဲ့တယ် ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။ 

တကယ်တော့ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ ကို စစ်တပ်ကတိုက်ခိုက်သိမ်းပိုက်မှုသတင်းဟာ ၂၀၁၇ ခုနှစ်က ဇန်နဝါရီ ၁၈ ရက်က ဖြစ်စဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။

C:\Users\Mi\Downloads\screenshot-www.rfa.org-2022.06.20-20_15_32.png

မူရင်းလင်ခ့် – RFAArchive link  

ထို့အပြင် Google မှာ ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ၂၀၁၅ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

“ကွမ်းလုံရက် (၄၀) တိုက်ပွဲမှသည် လောက်ကိုင်ဆီသို့”လို့ ခေါင်းစဉ်တပ်ရေးသားထားတဲ့ အဲ့ဒီအချိန်က လောက်ကိုင်ဒေသထိုးစစ်ဆင်ချိန်မှာ တရားသောစစ်အဖြစ်ပုံဖော်ရေးသားထားတဲ့ ဝါဒဖြန့်ဆောင်းပါးတစ်ပုဒ်မှာ အသုံးပြုထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Aye Chan MonArchive link  

နောက်ထပ် အသုဘအခမ်းအနားတစ်ခု ဓာတ်ပုံတစ်ပုံကိုလည်း ၂၀၁၇ ခုနှစ်က တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်မှာတွေ့ရပါတယ်။ 

Google Translate အသုံးပြုဘာသာပြန်ဆိုကြည့်ရာမှာ “မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့က မူးယစ်ဆေးစွဲနေသူ ဘယ်လောက်ရှိလဲ”လို့ခေါင်းစဉ်တပ်လျှက်ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးသဖြင့် ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမြင့်တက်နေပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့ပါဝင်ပတ်သက်နေပုံ၊ သူတို့ကိုယ်တိုင် သုံးစွဲနေပုံတို့ အကြောင်းအရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ် တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FreewechatArchive link  

သုံးသပ်ချက်

 မြန်မာတပ်မတော်က KIA တပ်မဟာ ၃ တပ်ရင်း ၁၂ အထိုင်စခန်းတစ်ခုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့သတင်းဟာ ၂၀၁၇ ခုနှစ်အတွင်းကဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ ၂၀၁၅ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ သို့သော် ဓာတ်ပုံ ၂ ပုံဟာ KIA ကိုတိုက်ခိုက်မှုနဲ့ပတ်သက်ခြင်းရှိမရှိ Fact Crescendo အနေနဲ့အတည်ပြုနိုင်ခြင်းမရှိပါဘူး။

Avatar

Title:Fact Check: KIA တပ်ရင်း ၁၂ ကို စစ်ကောင်စီ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *