နေပြည်တော်က ဗိုလ်ချုပ်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှုဆိုပြီး ဗွီဒီယိုပို့စ်တွေ ယူကျူ့မှာ ဖြန့်ဝေလျက်ရှိတာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမီဒီယာအချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြရာမှာ ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကရယူထားခြင်းဖြစ် ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာ စတင်ဖော်ပြခဲ့တဲ့ ဒီဗွီဒီယိုဟာ တရက်အတွင်း အနည်းဆုံး ကြည့်ရှုမှုပေါင်း ၅၀၀၀၀ ဝန်းကျင်ရှိပါတယ်။

“Khit Thit အတည်ပြုကြေညာလိုက်ပြီဗျို့ နေပြည်တော်က ဗိုလ်ချုပ်(၁၉)ဦး ညက မိသားစုလိုက် တပြိုင်နက်ထွက်ပြေးကုန်ပြီ”

အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းအချို့ကို မသက်ဆိုင်တဲ့ခေါင်းစဉ် သို့မဟုတ် ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားထားပြီးဖြစ်ပါတယ်။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ သတင်းဌာနအချို့က အောက်တိုဘာ ၁၁ ရက်မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကိုပြန်လည်ဖော်ပြနေခြင်းဖြစ်တာတွေ့ရပါတယ်။ သို့သော်လည်း အထက်မှာပြောခဲ့သလို နေပြည်တော်က ဗိုလ်ချုပ်တွေ မိသားစုနဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းတော့မပါပါဘူး။ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “ခင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး၊ မြောင်ရှိ ကျောက်ရစ် ရဲစခန်းနှင့် စစ်သားများ အုပ်စုဖွဲ့နေထိုင်သော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်”၊ “ဝက်လက်မြို့နယ်၊ လှတောရွာကို စစ်ကူလာသည့် စစ်တပ်ယာဥ်တန်းကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး”၊ “ချင်းပြည်နယ်တွင် ၃၂ လ အတွင်းတိုက်ပွဲ​ပေါင်း ၇၅၀​ကျော် ဖြစ်ပွားပြီးချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကျဆုံးခဲ့”၊ “စစ်ကောင်စီက တင်သွင်းပြုထားသည့် EV လျှပ်စစ်ကားများကို အာမခံကုမ္ပဏီများက အာမခံမပေးတော့ဟုဆို”စတဲ့သတင်းတွေ ကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

နေပြည်တော်က ဗိုလ်ချုပ်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှုဆိုတဲ့ဗွီဒီယိုပို့စ်တွေဟာ သတင်းမှားဖြန့်ချိနေခြင်း သာဖြစ်တယ်။ တကယ်တမ်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေဟာ အခုလိုမျိုး ဗိုလ်ချုပ်အများအပြား စစ်တပ်ကထွက်ပြေးတယ်ဆိုတဲ့ဖော်ပြချက်မရှိပါဘူး။

Avatar

Title:Fact Check: နေပြည်တော်က ဗိုလ်ချုပ်တွေ တပ်ကို စွန့်ခွာထွက်ပြေးမှု သတင်းတု

Written By: နေရာမောင်

Result: False