Fact Check: PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု

False နိုင်ငံရေး | Politics

တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေ အိမ်ပြန်ကြဖို့ အမျိုးသားညီညွှတ်ရေးအစိုးရ(National Unity Government-NUG)ရဲ့ ပညာရေး နဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလျှက်ရှိတာတွေ့ ရပါတယ်။ ပျံ့နှံလျှက်ရှိတဲ့ screenshot ဓာတ်ပုံပို့စ်မှာ ဒေါက်တာ ဇော်ဝေစိုးရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Zaw Wai Soe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ကနေ တော်လှန်ရေး ကျဆုံးသွားပြီဖြစ်လို့ လူထုကိုတောင်းပန်ထားပြီး PDF တွေကိုမိဘတွေဆီပြန်ကြဖို့အတွက်လည်း ပန်ကြား ထားပါတယ်။

သို့သော် ဒေါက်တာဇော်ဝေစိုးက ဒီစာဟာအတုဖြစ်တယ်လို့ ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။ 

“မေပိုင်ဦး”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁၀၀ ကျော်ရှိပါတယ်။ အလားတူ ရေးသားမျှဝေမှုတွေကိုဒီနေရာဒီနေရာဒီနေရာဒီနေရာဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ပညာရေးနဲ့ကျန်းမာရေဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီစာဟာ အတုဖြစ်တယ် လို့ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေမျှဝေထားပါတယ်။

“ဒီစာဟာ အတုပါ

ဆရာဘယ်တုန်းကမှ ဒီလို (လုံးဝ) မရေးခဲ့ မတင်ခဲ့ပါဘူး 

၁၃.၁၀.၂၀၂၁”လို့ရေးသားလျှက် ပျံ့နှံ့လျှက်ရှိတဲ့ screenshot နဲ့အတူ ဒေါက်တာဇော်ဝေစိုးက အောက်တိုဘာ ၁၃ ရက်က ပြန်လည်ရှင်းလင်းထားပါတယ်။

မူရင်းလင်ခ့် – Zaw Wai SoeArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ​ တော်လှန်ရေးကျဆုံးသွားပြီဖြစ်လို့ PDF တွေကို မိဘတွေဆီ ဒေါက်တာ ဇော်ဝေစိုး က ပြန်ခိုင်းတယ်ဆိုပြီး သတင်းတုလုပ်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:PDF တွေကို မိဘတွေဆီ ဒေါက်တာဇော်ဝေစိုးက ပြန်ခိုင်းတယ်ဆိုတဲ့ စာအတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *