
လက်တစ်ဖက်ချို့ယွင်းနေပြီး အခြားခြေထောက်တစ်ချောင်းမှာလည်း ပတ်တီးစည်းလျက် လူငယ်တစ်ယောက်ကို ဆေးရုံကုတင်တစ်ခုမှာ အစာခွံကျွေးနေတဲ့ဓာတ်ပုံနဲ့အတူ မုံရွာမှာ ညက လက်လုပ်မိုင်းလုပ်ရင် ပေါက်ကွဲပြီး လက်ပြတ်သွားတဲ့ လူငယ်တစ်ယောက်လို့ ရေးသားပြီး ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။
ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံထဲက လူငယ်ဟာ မတ် ၂၇ ရက်က မကွေးမြို့မှာ ဆန္ဒပြရင် စစ်တပ်က ပစ်ခတ်တဲ့ ကျဉ်ဆံထိမှန်ပြီး လက်ဖြတ်လိုက်ရတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။
“မုံရွာ ညက လက်လုပ်မိုင်းစမ်းရင်း ပေါက်ကွဲ၍ လက်ပြတ်သွားသော Gz ယခု တပ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပါသည်။ ထို့နောက်…… မုံရွာ ကံကောင်းပါစေ…. ။ crd”လို့ ရေးသားပြီး “Lion Min”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အဓိကျကျတဲ့ စကားလုံးတွေအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ မကွေးမှာ ဆန္ဒပြရင်း သေနတ်ထိမှန် ခံရပြီးနောက် လက်ဖြတ်လိုက်ရသလို ဆူပူလှုံဆော်မှု ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရသူ ကိုလျှံဖြိုးအောင်ရဲ့ ပုံဖြစ်တာတွေ့ရပါတယ်။ ကိုလျှံဖြိုးအောင်ဟာ မတ် ၂၇ ရက်က မကွေးမြို့မှာ ဆန္ဒပြရင် စစ်တပ်က ပစ်ခတ်တဲ့ ကျဉ်ဆံထိမှန်ပြီး လက်ဖြတ်လိုက်ရပါတယ်။ ဇွန်လထဲမှာ သူ့အကြောင်း မီဒီယာတွေက ဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
ထို့အပြင် သူ့အကြောင်းကို မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ အထူးကိုယ်စားလှယ် Tom Andrews ကလည်း ဇွန် ၁၅ ရက်မှာ ဖမ်းဆီးခံရစဉ်မှာ လက်နဲ့ခြေထောက်ကို သေနတ်နဲ့ ပစ်ခံခဲ့ရတဲ့ လျှံဖြိုးအောင်တစ်ယောက် ဖမ်းဆီးနှိပ်စက်ခံနေရကြောင်း ဒီကနေ့ သူ့အနေနဲ့ သိရှိခဲ့ရပြီး သူ့ကိုဆေးကုသခွင့် ငြင်းပယ်ခံရတာကြောင့် ခြေထောက်နဲ့ မျက်လုံးထပ်မံ ဆုံးရှုံးရဖို့ရှိပြီး သူ့အပေါ်မှာ ညှင်းပန်းမှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုခဲ့တာတွေ့ရပါတယ်။
မူရင်းလင်ခ့် – UN Special Rapporteur | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံထဲက လူငယ်ဟာ မကွေးမှာ ဆန္ဒပြရင်း သေနတ်နဲ့ပစ်ခံရလို့ လက်တစ်ဖက်ဆုံးရှုံးခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခံရစဉ်မှာ ထပ်မံနှိပ်စက်ခံရတယ်လို့ မီဒီယာတွေမှာဖော်ပြပြီးတဲ့ ကိုလျှံဖြိုးအောင်ရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Title:မကွေးမှာ ဆန္ဒပြရင်း ပစ်ခတ်ခံရပြီး လက်ဖြတ်ခဲ့ရသူကို မုံရွာက ဗုံးလုပ်လို့ ပေါက်ကွဲပြီး လက်ပြတ်တဲ့လူငယ်အဖြစ်သတင်းမှားဖြန့်ဝေ
Fact Check By: Nayar MaungResult: False