
အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင် သေပြီလို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေနေတာ သတင်းတုတခုသာဖြစ်တယ်။ ၂၀၂၂ ခုနှစ်ထဲမှာ သထုံက စိုးဝင်းအမည်နဲ့ ပျူစောထီးခေါင်းဆောင် တယောက် သေဆုံးမှုသတင်းကို ခေါင်းစဉ်လွဲတပ်ပြီး ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ပို့စ်တခုက ရယူထားခြင်း ဖြစ်တယ်။
“29ရက် မနက် 12နာရီ စိုးဝင်းသေပြီ”

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။ Fact Crescendo Myanmar က ဒီယူကျူ့ချန်နယ်နဲ့ ပတ်သတ်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုပါသတင်းဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ၂၉ ရက်မှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “သထုံတွင် “PDF များကို ချေမှုန်းမည်”ဟု ကြွေးကြော်သော ပျူစောထီးခေါင်း ဆောင် စိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်နှင့်ပျူစောထီး စာရွက်စာတမ်းများ သိမ်းဆည်းရမိ”ဆိုတဲ့ သတင်းကို လက်ရှိအဖြစ်အပျက် သဖွယ် ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

မူရင်းလင်ခ့် – Yktnews | Archive link
၅ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲသတင်း တွေသာဖော်ပြထားတယ်။
သုံးသပ်ချက်
၂၀၂၂ ခုနှစ်ထဲမှာ သထုံက စိုးဝင်းအမည်နဲ့ ပျူစောထီးခေါင်းဆောင် တယောက် မြို့ပြပျောက်ကျားအဖွဲ့က ပစ်ခတ်ခံရပြီး သေဆုံးမှုကို စစ်အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဓာတ်ပုံနဲ့အတူ စစ်ခေါင်းဆောင် သေဆုံးသယောင်ဖော်ပြထားခြင်းဖြစ်တယ်။

Title:Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သေဆုံးမှု သတင်းတု
Written By: Zun ZeeResult: False