Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

Partly False နိုင်ငံရေး | Politics

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျဥက္ကဌ ထုတ်ပြောလိုက်ပြီး စစ်ကောင်စီကို အကန့်သတ်မဲ့ ထုတ်ပယ်လိုက်ပြီလို့ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းမှားဖြန့်ချိန်မှုဖြစ်ပါတယ်။

အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုက ဖြန့်ဝေနေတဲ့ စာသားဖြစ်ပါတယ်။ (မူရင်းအရေးအသား)

“NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့်ရေးသားထားပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

“NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြော အကန့်သတ်မဲ့ စစ်ကောင်စီကို ထုတ်ပယ်လိုက်ပြီ”စသည်ဖြင့် ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကိုလှည့်စားပေမဲ့ ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာပါဝင်ခြင်းမရှိပါဘူး။

၁၂ မိနစ်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တော့ မြန်မာနောင်းသတင်းဌာနက ဇန်နဝါရိ ၅ ရက်မှာ ဖော်ပြခဲ့တဲ့ “သီတဂူ ကျဆုံးမှုသည် နွေဦးတော်လှန်ရေး၏ အောင်မြင်မှုတစ်ခုဖြစ်သည်”ဆိုတဲ့ သတင်း ဆောင်းပါးကို  ပြန်လည်ကူးပြီး ဖော်ပြနေခြင်းဖြစ်ပါတယ်။ 

အာဆီယံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံရေးအရ ကိုယ်စား ပြုခြင်းမရှိတဲ့ပုဂ္ဂိုလ်ကိုပဲ အစည်းအဝေးတွေမှာ ဖိတ်ကြားဖို့ဆုံးဖြတ်ခဲ့တာတွေ့ရပါတယ်။ ဒီဆုံးဖြတ်ချက်အရ စစ်တပ်ခေါင်းဆောင်ပိုင်းနဲ့ စစ်တပ်ခန့်ဝန်ကြီးတွေကိုလည်း အစည်းအဝေးမဖိတ်တော့တာတွေ့ရပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်ကိုလည်း အစည်းအဝေးဖိတ်တာမျိုးမရှိပါဘူး။ လက်ရှိ အာဆီယံဉက္ကဌအဖြစ်တာဝန်ယူထားတဲ့ အင်ဒိုနီးရှားရဲ့ နောက်ဆုံးပြောဆိုချက်ကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ပြောပြီး စစ်ကောင်စီကို အစည်းအဝေးတွေကနေ အကန့်သတ်မဲ့ ထုတ်ပယ်လိုက်တယ်ဆိုတာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာ မြန်မာနောင်းသတင်းဌာနကဖော်ပြခဲ့တဲ့ သီတဂူဆရာတော်ဟာ စစ်တပ်အကြိုက်တရားတွေဟောပြီး စည်းစိမ်းနဲ့ ဩဇာတည်ဆောက်နေတဲ့အကြောင်း အတွေးအမြင်ဆောင်းပါးဖော်ပြချက်သာဖြစ်ပါတယ်။

Avatar

Title:Fact Check: NUG ကိုတရားဝင်အစိုးရဟု အာဆီယံ အလှည့်ကျ ဥက္ကဌ ထုတ်ပြောဆိုတဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *