Fact Check:  ဝမ်းတွင်း ကျင်ရွာ မီးရှို့မှုကို PDF အချင်းချင်း အလှူငွေအလွဲသုံး စားသည့် ကိစ္စကြောင့် မီးရှို့မှုအဖြစ် သတင်းမှားဖြန့် 

False နိုင်ငံရေး | Politics

ဝမ်းတွင်းမြိုနယ် ကျင်းရွာရှိ PDF ခေါင်းဆောင် နန်းခိုင်က အလှူခံထားတဲ့ငွေတွေကို အလွဲသုံးစားလုပ်တဲ့ အတွက်  PDF အချို့က ကျင်းရွာရှိ နန်းခိုင်ရဲ့ နေအိမ်ကို မီးရှို့ခဲ့တယ်ဆိုတဲ့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ လျက်ရှိပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

“PDF အချင်းချင်း အလှူငွေအလွဲသုံးစားလုပ်သည့်ကိစ္စမကျေနပ်သဖြင့် နေအိမ်မီးရှိမှုဖြစ်ပွား

ဝမ်းတွင်းမြိုနယ် ကျင်းရွာရှိ PDF ခေါင်းဆောင် နန်းခိုင်သည် အလှူခံထားသည့်အလှူငွေများအား အလွဲသုံးစားလုပ်သည်ကို မကျေနပ်သဖြင့် PDF အချိုမှ ကျင်းရွာရှိ နန်းခိုင်၏နေအိမ်အား မနေ့ညက မီးရှိဖျက်ဆီးသွားခဲ့ကြောင်းသိရ။

crd- ဝမ်းတွင်းမြိုသတင်းများ”လို့ရေးသားပြီး “Ko Putin” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link  

အလားတူမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဓာတ်ပုံဟာ Khit Thit Media ကကနဦးဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံဖြစ်ပါတယ်။  မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ ကျင်းရွာကျေးရွာကို စစ်တပ်က ယနေ့ မေလ ၂၁ ရက်နေ့ ည ၇ နာရီခွဲအချိန်ခန့်မှာ မီးတင်ရှို့နေကြောင်း ဒေသခံများကပြောတယ်လို့ Khit Thit Media က မေ ၂၁ ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။ ဝမ်းတွင်းမြို့နယ် ကျင်းရွာကျေးရွာအတွင်းကို မေ ၂၁ ရက် ည ၇ နာရီလောက်မှာ စစ်အင်အား ၅၀ ကျော် ဝင်ရောက်လာပြီးနောက်မှာ အိမ်များကို မီးရှို့ခံရတာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ 

https://www.facebook.com/khitthitnews/posts/1502366106867397

မူရင်းလင်ခ့် – Khit Thit MediaArchive link  

ဝမ်းတွင်းမြို့နယ် ကျင်းရွာကို စစ်တပ်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာလည်း မီးရှို့ခဲ့ပါသေးတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ Khit Thit Media မှာကနဦးဖော်ပြခဲ့တဲ့သတင်းဓာတ်ပုံအသုံးပြုပြီး အကြောင်းအရာကို လိုသလိုရေးသားဖော်ပြနေခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဝမ်းတွင်း ကျင်ရွာ မီးရှို့မှုကို PDF အချင်းချင်း အလှူငွေအလွဲသုံး စားသည့် ကိစ္စကြောင့် မီးရှို့မှုအဖြစ် သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *