NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၁ သိန်းကျော်ရှိ ထားတယ်။

“ဧပြီလ (၁)ရက်နေ့ NUG ကိုအစိုးရဖြစ်ပြီတဲ့ဗျို့

NUG သမ္မတနဲ့ဝန်ကြီးတွေအခမ်းနားတက်ဖို့ရောက်နေပြီ

စစ်အုပ်စုပြုတ်ပြီ၊ တကမ္ဘာလုံးမှ NUG ကိုထောက်ခံ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

“MS Story”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့သတင်း ခေါင်းစဉ်လွဲတပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။

အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများဖိုရိမ်၊ ဆက်စပ်အစည်းအဝေးများတွင် NUG ကို တက်ခွင့်ပေးပြီး စစ်အုပ်စုကို တားမြစ် ပေးရန် တောင်းဆို”ဆိုတဲ့ သတင်းကိုပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ မူလသတင်းကို ဒီလင့်ခ်မှာကြည့်ပါ။

လာအိုနိုင်ငံမှာ ဧပြီ ၂ ရက်ကနေ ၅ ရက်အထိ ကျင်းပဖို့ရှိတဲ့ အာဆီယံဘဏ္ဍာရေးနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေး၊ ဆက်စပ်အစည်းအဝေးတွေမှာ NUG ကို တက်ခွင့်ပေးပြီး စစ်အုပ်စုကို အစည်းအဝေးတက်ခွင့် တားမြစ်ရန် Defend Myanmar Democracy၊ Blood Money Campaign နှင့် Global Myanmar Spring Revolution ဆိုတဲ့အဖွဲ့အစည်း ၃ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုမှု သတင်းပဲဖြစ်တယ်။

သုံးသပ်ချက်

ဧပြီ ၂ ရက်မှာ လာအိုနိုင်ငံမှာ စတင်ကျင်းပမယ့် ဘဏ္ဍာရေးအစည်းအဝေးမှာ NUG ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ အာဆီယံ ဘဏ္ဍာရေးအစည်းအဝေးတွေမှာ စစ်အုပ်စုကို တက်ခွင့်မပေးမဲ့ NUG ကိုတက်ရောက်ခွင့်ပေးဖို့ အဖွဲ့အစည်း ၃ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့တောင်း ဆို တဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။

ပြောဆိုချက်- NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ်

Avatar

Title:Fact Check: NUG သမ္မတနဲ့ ဝန်ကြီးတွေအာဆီယံအစည်းအဝေးတက်မယ့် သတင်း ခေါင်းစဉ်တု

Fact Check By: နေရာမောင်

Result: Misleading