
လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ် အဖမ်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေ အကြား ပျံ့နှံ့မှု အားကောင်းလျှက်ရှိတာဟာ သတင်းမှားတခုသာဖြစ်ပြီး စစ်ကောင်စီဘက်က မှားယွင်းဝါဒဖြန့် နေခြင်းသာဖြစ်တယ်လို့ ဗေဒင်ဆရာ လင်းညို့တာရာက အတည်ပြုထားပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကို ကိုးကားပြီး ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ်အဖမ်းခံရကြောင်း သတင်းမီဒီယာအချို့က ဖော်ပြပါတယ်။စစ်ခေါင်းဆောင်ကို ကြိမ်စာတိုက် အစီအမံတွေလုပ်တယ်ဆိုပြီး အာဏာသိမ်းအပြီးရက်ပိုင်းအတွင်းမှာပဲ တောင်ဥက္ကလာပ၊ ၇ ရပ်ကွက်မှာနေတဲ့ လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်တပ်ဖမ်းဆီးပြီး ထောင် ၂ နှစ်ချခဲ့ပါတယ်။ သူဟာ မကြာသေးခင်ကမှ ပြန်လွတ်လာတာပါ။
အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “လင်းညို့တာရာကို ထပ်မံဖမ်းဆီးသွားပြီ”
တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
အခု ဖြန့်ဝေနေတဲ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဗေဒင်ဆရာ လင်းညို့တာရာကို ဇူလိုင် ၁၅ ရက်က ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားချက်ကို ကိုးကားပြီး မဇ္ဈိမသတင်းဌာနက သတင်းဖော်ပြချက်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။
စစ်တပ်ဘက်က စိတ်ဓာတ်စစ်ဆင်ရေးဝါဒဖြန့်ချိမှု သာဖြစ်ပြီး သူ့ဟာ နေအိမ်က တိမ်းရှောင်နေခဲ့ပြီး လက်ရှိအချိန်အထိလည်း ဘေးကင်းလုံခြုံတဲ့ နေရာမှာရှိတယ်လို့ လင်းညို့တာရာကတော့ Delta News Agency ကို ပြောကြားထားတွေ့ရပါတယ်။

ဗေဒင်ဆရာ လင်းညို့တာရာ အသုံးပြုနေတဲ့ “လင်းညို့တာရာ”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ဟာလည်း ဗေဒင်၊ ယတြာ အစီအရင်တွေ ပုံမှန်တင်နေတာတွေ့ရပါတယ်။ ဒီလင်ခ့်မှာ ကြည့်ပါ။ ထို့အပြင် သူ့ရဲ့ “Hein Min Aung” အကောင့်ကနေပြီးတော့လည်း လုံခြုံတဲ့နေရာတစ်ခုမှာရှိပြီး သူအဖမ်းခံရတာမဟုတ်ကြောင်း ငြင်းဆိုထား ပါတယ်။
သုံးသပ်ချက်
ဗေဒင်ဆရာ လင်းညို့တာရာကို ဇူလိုင် ၁၅ ရက်က ဖမ်းဆီးလိုက်ကြောင်း စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာ တွေမှာဖော်ပြပေမဲ့ လင်းညို့တာရာကတော့ သူအဖမ်းခံရခြင်းမရှိကြောင်း Delta News Agency ကို ငြင်းဆို ထားသလို သူအသုံးပြုနေတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေလည်း အဖမ်းခံရတာမဟုတ်ကြောင်း အတည်ပြုထားပါတယ်။

Title:Fact Check: လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအဖမ်းခံရဆိုတဲ့ သတင်းမှား
Written By: နေရာမောင်Result: Missing Context