လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်တောင်းဆိုတဲ့ စာအတု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တော့ NUG ကာကွယ်‌ရေးဝန်ကြီးဌာနက ဒီလိုစာထုတ်ခဲ့ခြင်းမရှိတာတွေ့ရပါတယ်။

တူညီတဲ့ ရေးသား မျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို ဒီမှာကြည့်ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကရင်နီဒေသ မြို့တော် လွိုင်ကော်တက္ကသိုလ်နဲ့ ဒီလိုမျိုးထုတ်ပြန်ကြေညာချက် တစုံတရာမရှိပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အပြိုင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက ကရင်နီဒေသမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုတွေက “၁၁၁၁”စစ်ဆင်ရေးအဖြစ် ပြည်နယ်မြို့တော် လွိုင်ကော် ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းနေရာမှာ မြို့ထဲက အချို့သောနေရာတွေနဲ့ စစ်ကောင်စီ တပ် အထိုင်ချထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို ထိုးစစ်ဆင်ခဲ့တာလည်းပါဝင်ပါတယ်။

ထို့အပြင် အခြားသော လွတ်လပ်တဲ့ မီဒီယာတွေမှာလည်း ဒီသတင်းဖော်ပြချက်မရှိပါဘူး။ NUG ကာကွယ်ရေး ဌာန အနေနဲ့ သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တဆင့် ဝန်ကြီးဌာနအမှတ်တံဆိပ် လိုဂိုနဲ့ နောက်ဆုံး ထုတ်ပြန်ချက်ဟာ စခန်းသိမ်းတိုက်ပွဲသတင်းဖော်ပြချက်မှာ ဓာတ်ပုံတပုံမှားယွင်းပါဝင်ခဲ့မှုအတွက် တောင်းပန်ချက်ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းစာထုတ်ပြန်ထားတာမရှိပါဘူး။

အခုလိုမျိုး NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ချက်အတုပြုလုပ်ဖြန့်ချိမှုတွေ အရင်ကလည်းရှိခဲ့ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

ပြီးခဲ့တဲ့ ရက်ထဲမှာပဲ လွိုင်‌ကော်တက္ကသိုလ်က ပါမောက္ခချုပ်ကို ကရင်နီတပ်တွေက သတ်လိုက်ပြီဆိုပြီးတော့ သတင်းမှားဖြန့်ခဲ့ပါသေးတယ်။ အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာန ထုတ်ပြန်တောင်းဆိုတယ်ဆိုတာ အတုပြုလုပ်ဖြန့်ချိနေခြင်းဖြစ်တယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီလိုထုတ်ပြန်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။

ပြောဆိုချက်- လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို NUG ကာကွယ်ရေးဝန်ကြီး ဌာနတောင်းဆို

Avatar

Title:Fact Check: လွိုင်ကော်တက္ကသိုလ် ဆရာ၊ဆရာမ တွေကို ပြန်လွှတ်ပေးဖို့ KNDF ကို NUG ကာကွယ်ရေးဝန်ကြီးဌာနတောင်းဆိုတဲ့ စာအတု

Written By: နေရာမောင်

Result: False