Fact Check: ထိုင်းမှာ အမေရိကန် စစ်သား ၅၀၀၀၀ ရောက်နေတယ်ဆိုတာ မဟုတ်ပါ

Misleading နိုင်ငံတကာ၊ | International

စစ်အာဏာသိမ်းမှုအပြီး အမေရိကန်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ဆန္ဒပြသူတွေဘက်က ရပ်တည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကကြေညာထားပြီး မြန်မာလူထုဘက်က အာဏာသိမ်း ခေါင်းဆောင်တွေကို စစ်ရေးအရအရေး ယူဖို့တောင်းဆိုမှုတွေလည်း ထုတ်ပြန်ချက်အောက်က မှတ်ချက် တွေမှာ တွေ့ရပါတယ်။ 

ဒီလိုအခြေအနေမှာ အမေရိကန် စစ်သား ၅၀၀၀၀ ထိုင်းကိုရောက်လာပြီဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေလာတာတွေ့ရပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။

တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအတွင်းမှာ အမေရိကန်နိုင်ငံက မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ညဘက်လေထီးခုံစစ်ရေးလေ့ကျင်မှုအတွက် ပြင်ဆင်နေပုံဖြစ်ပါတယ်။

“ထိုင်းမှာ အမေရိကန်စစ်သား

(50000)ရောက်နေတယ်ဆိုတာ

သတင်းအမှန်ပါတဲ့

”လို့ ရေးသားပြီး “San Min ” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ဖေဖော်ဝါရီ ၅ ရက်က မျှဝေထားရာမှာ ပြန်လည်မျှဝေသူ  ၁ သောင်း ၂ ထောင်ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ အမေရိကန် ရွေ့လျားစစ်ဆင်ရေး လေတပ် ဌာနချုပ်ဖြစ်တဲ့  Air Mobility Command ဝက်ဘ်ဆိုဒ်မှာ ဒီဓာတ်ပုံကိုဖော်ပြထားတာတာတွေ့ရပါတယ်။

ဓာတ်ပုံစာသားအဖြစ် “Sicily ခြောက်သွေ့ဇုန်မှာ အကြီးစားစစ်ရေးလေ့ကျင်မှုရက်သတ္တပတ်အတွင်း ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၇ ရက်က တပ်ရင်း(၁) လေထီးခုန်တပ်ခွဲ ၅၀၄ က တိုက်ခိုက်ရေးအဖွဲ့(၁) မှ အမေရိကန်စစ်သည် များသည် ညပိုင်း လေထီခုံလေ့ကျင့်ခန်းအတွက် မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ Pope Army Field မှာ လေယာဉ်ပျံဆို ချီတက်နေစဉ်။  အကြီးစားစစ်ရေးလေ့ကျင်မှုရက်သတ္တပတ်မှာ ကြည်းတပ်နဲ့ လေတပ်တို့ပူးပေါင်းပြီး ကမ္ဘာ့အရေးအခင်းများ၊ အရေးပေါ်အခြေအနေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စစ်ဆင်ရေးများကိုလေ့ကျင့်မှုတွေ ပြုလုပ်ပါတယ်။ U.S. Air Force photo by Staff Sgt. Marianique Santos”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Air Mobility CommandArchive link

အမေရိကန်တပ်ဖွဲ့တွေကို ထိုင်းကိုရောက်ရှိတယ်ဆိုတဲ့ သတင်းမျိုးကို အဓိကကျတဲ့ စကားလုံးအသုံးပြုပြီး ရှာဖွေကြည့်ရာမှာ အခြားသော မီဒီယာတွေမှာ ရှာဖွေတွေ့ရှိခြင်းမရှိပါဘူး။

သုံးသပ်ချ

အမေရိကန်တပ်ဖွဲ့တွေထိုင်းကိုရောက်ရှိတယ်ဆိုတဲ့ ဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၇ ရက်က အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်က စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း ဓာတ်ပုံဖြစ်ပါတယ်။

Avatar

Title:ထိုင်းမှာ အမေရိကန် စစ်သား ၅၀၀၀၀ ရောက်နေတယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *