
ဂုံးတံတားအောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံတစ်ခုကို ရန်ကုန်မှာ ယနေ့ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။
သို့သော်လည်း ဒီဓာတ်ပုံဟာ မတ်လအတွင်းဓာတ်ပုံဟောင်းဖြစ်တာတွေ့ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “Wow Wow အဖွင့်လှပြီ ရွှေရန်ကုန်ရေ👏👏👏👏#Unl👦Sep 7”လို့ ရေးသားထားပြီး ဂုံတံတား အောက်ကနေ မီးခိုးတွေ ထွက်နေတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ “U Ngel Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ရေးသားထားတဲ့ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ၁ သောင်း ၆ ထောင်ကျော်က ၃နာရီအတွင်း ပြန်လည်မျှဝေခဲ့ကြပါ တယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb link | Archive link
Yandex မှာဓာတ်ပုံကို ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံနဲ့အလားတူ တူညီတဲ့ ဓာတ်ပုံတွေကို မတ်လ ၁၅ ရက်က မရမ်းကုန်မြို့နယ် ဘုရင့်နောင် ဂုံးတံတားအနီးမှာဖြစ်ပျက်ခဲ့တဲ အဖြစ်အပျက်အဖြစ် ရေးသားမျှဝေထားတာတွေ့ရပါတယ်။
“@UN_HRC
@Reaproy
@TostevinM
@freya_cole
@KenRoth
#feb15 This is not a battle ground. This is near the Yangon,Bayinnaung bridge.
How the terrorist juntas are doing the Yangon as a battle ground.
#SaveMyanmar
#WhatsHappeningInMyanmar”လို့ရေးသားပြီး စိုးယုနန္ဒာအမည်နဲ့ အသုံးပြသူက မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Soe Yu Nandar | Archive link
အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ စက်တင်ဘာ ၇ ရက်က ရန်ကုန်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်မျှဝေ ထားတဲ့ ဓာတ်ပုံဟာ မတ်လအတွင်းက ဘုရင့်နောင် ဂုံးတံတားအောက်မှာ မီးရှို့ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

Title:ရန်ကုန်မှာ ယနေ့ပေါက်ကွဲမှုဓာတ်ပုံလား- မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context