
ဒီမောဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက လယ်သမားတွေရဲ့စပါးကို ခိုးယူသွားတယ် ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကိုဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိပါတယ်။
သို့သော် ဓာတ်ပုံတွေဟာ ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး အကြောင်းအရာကို ပုံမှားရိုက်ဖော်ပြနေခြင်းဖြစ်ပါတယ်။
“နေမင်း၏သားတော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “တော်လှန်ရေးရိက္ခာအတွက်ဟုဆိုကာ DMO-PDF တပ်ရင်းက နေရပ်စွန့်ခွာသွားတဲ့စစ်ရှောင်များရဲ့ စပါးများခိုးယူ
===============================
မိုးဗြဲ /ဒီး မာ့ဆို နယ်ကြား နှစ်ဖက်တိုက်ပွဲများကြား ရွာသူရွာသားများထိတ်လန့် ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ ရိတ်သိမ်း နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ရာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲအမည်ခံ ဒီး မော့ဆို(DMO-PDF)တပ်ရင်းရှိ အကြမ်းဖက်သမားများမှ တော်လှန်ရေးရိက္ခာ အတွက်ဟုဆိုကာ နိုဝင်ဘာလ၂၁ ရက်နေ့က ရိတ်သိမ်းပြီး ၎င်းတိုစခန်းများသို ခိုးယူသွားကြတယ်လို ဒေသခံများ ထံမှသိရပါတယ်။”လို့ ရေးသားပြီး နိုဝင်ဘာ ၂၃ ရက်မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ “ပြည်သူ့ကာကွယ် ရေးတပ် – ဒီးမော့ဆိုမြို့နယ်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ နိုဝင်ဘာ ၂၁ ရက်နေ့မှာစတင်ဖော်ပြခဲ့တဲ့ ဓာတ်ပုံ ဖြစ်တာ တွေ့ရပါတယ်။ ဒီစာမျက်နှာဟာ ဒီမောဆိုမြို့နယ်က စစ်ရေး၊ကာကွယ်ရေးသတင်းတွေ ထုတ်ပြန်နေတဲ့ စာမျက်နှာဖြစ်ပါတယ်။
ယခုပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံအပြင် အခြား ကောက်လှိုင်းသယ်နေတဲ့ ဓာတ်ပုံ ၂ ပုံနှင့်အတူ ဒီစာမျက်နှာမှာ အောက်ပါ အတိုင်းဖော်ပြထား ပါတယ်။
“အိုးအိမ်စွန့်ခွာတိမ်းရှောင် ပြည်သူများ၏ စပါးခင်းများကို DMO-PDF တပ်ရင်း( i )က ရိတ်သိမ်းကူညီပေးနေ
၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(21)ရက်နေ့တွက် မိုးဗြဲ /ဒီးမာ့ဆို နယ်စပ်ဖက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးဆင်လာမှုကြောင့် ရွာသူရွာသားများထိတ်လန့်ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြပါသည်။ ရိတ်သိမ်းနေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ပြီး စပါးခင်းတွေကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-ဒီးမော့ဆို(DMO-PDF)တပ်ရင်း( i )တပ်သားများက ရိတ်သိမ်းပေးခြင်း၊ ခြွေပေးခြင်းဖြင့်ကူညီ ပြုလုပ်ပေးခဲ့ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ် DMO-PDF
ပြန်ကြားရေးတာဝန်ခံ
ဖုန်း-09427223068
-09798691676”

မူရင်းလင်ခ့် – ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် | Archive link
အခြားသော သတင်းစာမျက်နှာတွေမှာလည်း ဒီမောဆိုးပြည်သူ့ကာကွယ်ရေးတပ်တွေက စပါးရိတ်သိမ်းပေး ပုံအဖြစ် နိုဝင်ဘာ ၂၁ ရက်က မျှဝေထားတာကို ဒီလင့်ခ့်နဲ့ ဒီလင့်ခ်မှာ တွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဒီမော့ဆိုကာကွယ်ရေးတပ်ဖွဲ့က မူလထုတ်ပြန်ထားတဲ့ ဓာတ်ပုံကို ပုံဖျက်ရေး သားပြီး ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။

Title:ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်
Fact Check By: Zun ZeeResult: Misleading