
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(PDF)တွေကို တောင်းပန်တဲ့စာဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျှက်ရှိပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ဖေ့စ်ဘွတ်ပို့စ်တွေမှာ “ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးသိန်းထွန်းဦးမှ မန္တလေး PDF များအားမေတ္တာရပ်ခံတောင်းပန်ကြောင်း လူမှုကွန်ယက်တွင်ရေးသား” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး စာကိုယ်အနေနဲ့ ဦးသိန်းထွန်းဦးဟာ စစ်ကောင်စီအတွက် ဒလန်မလုပ်ကြောင်းနဲ့ မိခင်အိုကြီးကို လုပ်ကိုင် ကြွေးမွေးနေသူဖြစ်တာကြောင့် သူ့အသက်အန္တရာယ် မပြုကြဖို့ မန္တလေး PDF ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာကနေ တောင်းပန်ထားတယ်လို့ ရေးသာထားပါတယ်။
အထက်ဆိုလိုရင်းပါတဲ့ “Thein Myint” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၁ ထောင် ၃ ရာကျော်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုရေးသားထားခြင်းရှိမရှိဝင်ရောက် ကြည့်ရှူ့ရာမှာ မန္တလေးမြို့က PDF တွေကို တောင်းပန်းတယ်ဆိုတာ မဟုတ်ကြောင်း ဦးသိန်းထွန်းဦးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတဆင့်ရှင်းလင်းထားပါတယ်။ လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မျိုးလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မတွေ့ရပါဘူး။
“ယခု အခါ မသမာသူလူတစ် စုက မိမိနှင့် ပြည်ခိုင်ဖြိုးအ ပေါ် မဟုတ် မမှန် လုပ်ကြံ ဝါဒဖြန့် သတင်းအတု/ သတင်းအမှားများ ရေးသား ထုတ်လွှင့်နေမှုကို အများ ပြည်သူ သိရှိ သတိပြုနိုင်စေရန် အသိ ပေး အပ် ပါသည်”လို့ ဦးသိန်းထွန်းဦးက ရေးသားထားပါတယ်။
မူရင်းလင်ခ့် – Thein Tun Oo | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ USDP က ဦးသိန်းထွန်းဦးက မန္တလေးမြို့က PDF တွေကို တောင်းပန်တယ်ဆိုတာ အတုအယောင်ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။

Title:USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက မန္တလေး PDF တွေကို တောင်းပန်တဲ့ သတင်းတု
Fact Check By: Zun ZeeResult: False