Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းတု
နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် စစ်အစိုးရက ပြန်လွတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ စစ်အစိုးရတွေ့ဆုံပေးခဲ့မှုဟာ ပြန်လည်လွတ်မြောက်လာခြင်းမဟုတ်ပါဘူး။ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ နာလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုတခုက ဖော်ပြထားတဲ့ စာသားကောက် နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရတယ်။ “အမေစုကို လွတ်ပေးလိုက်ရပြီ အာဆီယံ အစည်းဝေးတက်ချင်နေတဲ့ မင်းအောင်လှိုင် အမေစုကို လွတ်ပေးဖို့ သဘောတူလိုက်ပြီ ၊ ပြည်သူတွေနဲ့ တွေ့ဆုံခွင့်ပြုနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ICRC မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးခဲ့ ကြောင်း နေပြည်တော် စစ်အစိုးရ […]
Continue Reading
