Fact Check: ICJ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့ သွားရောက်တွေ့ဆုံမှု သတင်းတု

နိုင်ငံတကာတရားရုံး(ICJ)မှာ အခြေအနေမကောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ခေါင်းဆောင်တို့က သွားရောက်တွေ့ဆုံတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။   “ဒေါ်အောင်ဆန်းစုကြည် ကို –ွှေ ဖမ်းခံရ”  Original link | Archive link တခြား ဗွီဒီယိုတခုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သွားရောက် တွေ့ဆုံတယ်လို့ ဆိုထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”နဲ့ “Khit Thit […]

Continue Reading

Fact Check: ICJ မှာ အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီ လွှတ်ပေးတဲ့ သတင်းတု

နိုင်ငံတကာ တရားရုံး(International Corut of Justice-ICJ)မှာ တရားစွဲခံရမှုမှာ အမှုရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လွှတ်ပေးလိုက်တယ်၊ ‌ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်မှုရင်ဆိုင်ခိုင်းမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အား‌ကောင်းနေတာ တွေ့ရတယ်။ သတင်းတုတွေသာဖြစ်တယ်။  ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပြောဆိုချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “ICJ မှာ စစ်ကောင်စီ ပထမရက် အမှုရှုံးလို့ ဒေါ်အောင်ဆန်းစုကြည် ကို ထပ်လွှတ်ပြီ”  Original link | Archive link အလားတူရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတဲ့အကြောင်း ယုံကြည်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။ ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုဖြန့်ဝေနေတဲ့  ယူကျူ့ချန်နယ်တွေဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ဝေတဲ့နေရာတွေဖြစ်တာတွေ့ရတယ်။ “The Daily […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ်လပ်ရေးနေ့မှာ ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေမယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့် သတင်းထွက် ပေါ်နေလို့ ပြည်သူတွေ နေပြည်တော် အကျဉ်ထောင်မှာ သွာရောက်စောင့်ဆိုင်းခဲ့ကြတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုဟာ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လွတ်လပ်‌ရေးနေ့ ထူးပြီ ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် ကို  ညနေ ၅ နာရီ လွှတ်ပေးမယ့်သတင်းကြောင့် သွားကြိုကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကိုလိုအပ်သလို တည်းဖြတ်ပြောဆိုတာ၊ လုပ်ကြံပြောဆိုတာနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရ ကယ်ထုတ်လို့ ပြန်လွတ်မြောက်လာတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်အစိုးရ ကယ်ထုတ်လို့ ပြန်လွတ်မြောက်လာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာ တွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “ဒေါ်အောင်ဆန်းစုကြည် ကို လာခေါ်ပြီ ဗြိတိန်အစိုးရ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို  လာကယ်ထုတ်ပြီ ဝမ်းသာလွန်းလို့ မျက်ရည်ဆို့တယ်ဟာ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The  Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို […]

Continue Reading

Fact Check: ရန်ကုန်နဲ့ မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး သံဃာ သောင်းချီ ဆန္ဒပြတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရန်ကုန်နဲ့ မန္တလေးမှာ သံဃာ သောင်းနဲ့ချီပြီး ဆန္ဒပြနေတယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။    “မနက်ထူးနေပြီဟေ့ ၈၈ ကလို လမ်းမပေါ် ဘုန်းကြီးတွေ ပြည့်နေပြီ ဒေါ်အောင်ဆန်းစုကြည် မလွှတ်ရင် ၈၈ကထက်ဆိုးမည် ရန်ကုန် မန္တလေး ဘုန်းကြီး သောင်းချီ ဆန္ဒပြ နေကြပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ဝေတာတွေ ပြုလုပ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  ရန်ကုန်နဲ့ မန္တလေးမှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်း နေပြည်တော်မှာ စစ်တပ်က လျှို့ဝှက်ချုပ်နှောင်ထားခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ၊ ပြန်လည်လွှတ်မြောက်လာပြီဆိုတဲ့ သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်းကနေ ဖယ်ကျဉ်ထားပေမဲ့ လူထုအကြား သြဇာကြီးမားတဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းပါတယ်။  ဒီအတွက်လည်း သတင်းတုဖြန့်ဝေသူတွေအတွက် မကြာခဏရွေးချယ်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ Original link | Archive link ဒီချန်နယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီလို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြန့်ဝေခဲ့ပါသေးတယ်။  Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “လူထုခေါင်းဆောင် ထွက်လာပြီ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် ကို အပြင်ထုတ်ပြီ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီ ၈နာရီအတွင်း ထူးမယ်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ဒေါ်အောင်ဆန်းစုကြည် ယူသွားတယ်ဆိုတဲ့ သတင်းတု

ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ဒေါ်အောင်ဆန်းစုကြည် ယူသွားတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “‌ရွှေတိဂုံဘုရားရွှေ  တန်(40)ကို  ဒေါ်စုယူသွားကြောင်း  သူရအောင်ကို ဖေါ်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရွေးကောက်ပွဲ မသမာမှုကြောင့် အာဏာသိမ်းတယ်လို့ အကြောင်းပြပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီးနောက် ရွေးကောက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမှုပေါင်းများစွာနဲ့ စွပ်စွဲဖမ်းဆီး ထောင်ချထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ကူညီတဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ အဖမ်းခံရတယ်ဆိုတဲ့ ဗွီဒီယိပို့စ်တခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်စုကို ကယ်ထုတ်တဲ့ သန်းရွှေ  အသက်ကြီးသူချင်း ကိုယ်ချင်းစာပြီ ဒေါ်အောင်ဆန်းစုကြည် ကို သွားကယ်ထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းသန်းရွှေ ဖမ်းခံရ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာနဲ့ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို […]

Continue Reading

Fact Check: စစ်တပ်က ကျင်းကမယ့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ NLD ရွေးကောက်ပွဲ ဝင်ဖို့တရုတ် ခွင့်ပြုလိုက်ပြီ NLD အနိုင်ရဖို့ ပြည်သူတွေ ပြန်လည်ဦးမော့လာပြီဟေ့ တရားဝင်မှုရဖို့ NLD ကို မင်းအောင်လှိုင် လက်ခံလိုက်ရပြီ”  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်း မီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေရာတွေ့ရတယ်။ ဒီချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမနဲ့ အမှတ်တံဆိပ်တွေကိုလည်း တုပထားတာတွေ့ရ တယ်။ အခုလည်း […]

Continue Reading