
ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါတဲ့ ထွားထွားကြိုင်းကြိုင်းအမျိုးသား ၅ ယောက်သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီးတော့ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။
ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြန်မာနိုင်ငံမှာ ပျံ့နှံမှုအားကောင်းလာတဲ့ ဒီဓာတ်ပုံဟာ ထိုင်းရုပ်သံလိုင်းတစ်ခုက တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။
“PDF Mandalay”အမည်နဲ့စာမျက်နှာက “pdf ဆိုတာ”လို့ရေးသားထားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ဖေ့စ်ဘွတ်အသုံးပြုသူအမျိုးသမီးအချို့ကလည်း “ဖမ်းချင်လဲ လာသာဖမ်းကြပါတော့ရှင်
လက်နက်ကိုင်သင်တန်း
သွားကိုတက်တော့မယ်
မရတော့ဘူး
တိုင်းပြည်အတွက် ပေးဆပ်ဖို့
ဇာတိသွေးဇာတိမာန်တွေ မက်တျားကြွနေပြီ
ကျမလိပ်ပြာလုံချင်တယ်😢
မတားနဲ့ — ဖယ်
😅😅😅
#လက်လက်မျိူးချစ်စင်”စသည်ဖြင့်ရေးသားမျှဝေထားတာ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တွေမှာ ဖေ့စ်ဘွတ်အသုံးပြုသူ တုန့်ပြန်မှုပေးတဲ့ ပုံစံအရ ဒီဓာတ်ပုံကို အပျော် သဘောမျှဝေမှု အဖြစ်နားလည်လက်ခံကြတာတွေ့ပေမဲ့ မှတ်ချက်ပေးသူအချို့ဟာ ဒီဓာတ်ပုံဟာ တကယ်ပဲ PDF တွေရဲ့ ဓာတ်ပုံ လားဆိုတာ မသေမချာဖြစ်နေတာလည်းတွေ့ရပါတယ်။
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ထိုင်းနိုင်ငံရုပ်သံလိုင်းတစ်ခုကတင်ထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ ရပါတယ်။
CH7 အမည်နဲ့ရုပ်သံလိုင်းတစ်ခုက ဒီဇင်ဘာ ၂၃ ရက်မှာ ယခုပျံ့နှံ့လျက်ရှိတဲ့ အမျိုးသား ၅ ယောက်သေနဲ့ ဓာတ်ပုံကို ထိုင်းဘာသာစကားနဲ့ရေးသားမျှဝေထားတာ တွေ့ရပါ တယ်။ ဓာတ်ပုံပေါ်မှာလည်း CH7HD လို့ရေးသားထားတာ တွေ့ရ ပါတယ်။ Google Translate အသုံးပြုပြီး ထိုင်းဘာသာကနေ မြန်မာဘာသာကို ဘာသာပြန်ကြည့်ရာမှာ ရုပ်သံဇာတ်လမ်းကြော်ငြာတစ်ခုဖြစ်တာတွေ့ရပြီးအောက်ပါ အတိုင်းရေးသား ထားပါတယ်။
” Santa က ထင်ထားတာထက် စောလာတယ်။ ပူပြင်းသော ခရစ္စမတ်မီး
#Jin Jinna
#Donut Pattaraphon
#Boss Chanakan
#မဟာစပွန်း
#Oat Ratthir
#Saturday 5 ကို စောင့်မျှော်နေကြတဲ့ ဘယ်သူတွေလဲ လက်ကိုမြှောက်ပြီး လက်ကိုမြှောက်လိုက်
#Ch7HDDramaSociety”လို့ ရေးသားထားပါတယ်။

မူရင်းလင်ခ့် – CH7HD | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဓာတ်ပုံဟာ ထိုင်းရုပ်သံလိုင်းတစ်ခုက ရုပ်သံဇာတ်လမ်းတွဲကြော်ငြာပုံဖြစ်တာ တွေ့ရပါတယ်။

Title:ဒီဓာတ်ပုံက ထိုင်းရုပ်သံလိုင်းက ရုပ်ရှင်ကြော်ငြာဓာတ်ပုံသာဖြစ်တယ်
Fact Check By: Nayar MaungResult: Missing Context