Fact Check: အာဏာသိမ်းစစ်တပ်ကို အမေရိကန် စစ်ကြေညာမှု သတင်းတု

False နိုင်ငံရေး | Politics

မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန်က စစ်ကြေညာမှု သတင်းတုဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။ အလားတူတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ 

“အမေရိကန် က စစ်ရေးနဲ့စကားပြောပြီ

ဒေါ်စု ချက်ချင်းလွှတ်ရမည်

နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံ မလွှတ်ရင်

ယူကရိန်းလိုမျိုး NUG ကို တရားဝင်လက်နက် တပ်ဆင်‌ပေးမည်”

C:\Users\User\Downloads\Untitled design (1).jpg

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ထပ်ပြောဆိုချက်မှာလည်း ဒီလိုပါပဲ။ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေမှုမှာတော့ မြန်မာစစ်တပ်ကို အမြစ်ဖြတ်ဖို့ လက်နက်နဲ့တိုက်ခိုက်မှရမယ်လို့ အမေရိကန်က တရားဝင်စစ်ကြေညာလိုက်ပြီလို့ ရေးသားထားရာ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရရှိထားပါတယ်။ ဒီနေရာမှာ ကြည့်ပါ။

“စစ်တပ်ကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ပြီ

အမေရိကန်က စစ်ကြေညာနေ

စစ်တပ်ကို လက်နက်နဲ့တိုက်ခိုက်ရမည်ဟု တရားဝင်အသိပေး

မြန်မာမှ အမေရိကန်သံရုံးထွက်ခွာပြီ”

C:\Users\User\Downloads\Untitled design.jpg

အချက်အလက်စိစစ်ချက်

အခုလို အမေရိကန်က မြန်မာစစ်တပ်ကို စစ်ကြေညာမှု၊ NUG ကို ယူကရိန်းလို လက်နက်တပ်ဆင်ပေးဖို့ ပြောဆိုချက်တွေကို သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုတွေကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”၊ “Local Times” စတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ ရေးသားတဲ့ အတွေးအမြင်ဆောင်းပါးတွေပြန်လည်ကူးယူပြီး အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ ရှိပါတယ်။

ပထမဆုံး “Local Times”ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ အကြောင်းအရာကို အရင်ကြည့်ရအောင်ပါ။ ဗွီဒီယိုထဲမှာပါ ဖေ့စ်ဘွတ်အသုံးပြုသူတဦးရေးသားတဲ့ “ကုလ စုံစမ်းရေး ကော်မရှင်မှ ရန်နိုင်မင်း အဖွဲ့အား ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းပြီ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ ဒီဆောင်းပါးမှာ ကုလစုံစမ်း‌ရေးကော်မရှင်က စစ်ကောင်စီရဲ့ စစ်ကောင်စီကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုဆိုတဲ့ အတွေးအမြင်မှာလည်း အဓိကအားဖြင့် ၅၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် Mr. Nicholas Koumjian က မြန်မာစစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးတွေကနေ ဖမ်းဝရမ်းထုတ်ပြန်သည့် အခါ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ပြောဆိုတဲ့အကြောင်းကိုသာ အဓိက ‌ရေးသားတယ်။ Mr. Nicholas Koumjian ရဲ့ ပြောကြားချက်အပြည်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။

နောက်ထပ် ဆောင်းပါးတပုဒ်ကတော့ “ဝတ်ရည်ခိုင်မာ”အမည်နဲ့ ဆောင်းပါးရှင်ရေးသားခဲ့ပြီး ဧရာဝတီ သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ “တရုတ် ဖြတ်လေးဖြတ်နှင့် မြန်မာ့ အင်္ဂါဂြိုဟ်”ဆိုတဲ့ ဆောင်းပါး ဖြစ်တယ်။

C:\Users\User\Downloads\Untitled design (3).jpg

“မန္တေလေးခေတ်သစ်”ယူကျူ့ချန်နယ်က‌ဖော်ခဲ့တဲ့ အမေရိကန်က မြန်မာစစ်ကောင်စီကို စစ်ကြေညာပြီး မြန်မာနိုင်ငံကနေ သံရုံးပိတ်သိမ်းဆိုတဲ့ ဗွီဒီယိုကို ထပ်မံ ဆန်းစစ်ကြည့်ရအောင်ပါ။ ဒီဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်တပ်၏ အကြမ်းဖက်မှုများအဆုံးသတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒကိုလေးစားတန်ဖိုးထားရန် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် အမေရိကန်တောင်းဆို”တဲ့သတင်းနဲ့ “ပြည်သူ မျက်ဖြူစိုက်လေ မင်းအောင်လှိုင်စစ်တပ် အကြိုက်ဖြစ်လေ”ဆိုတဲ့ဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“မန္တေလေးခေတ်သစ်”နဲ့ “Local Times” အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့သတင်းတွေနဲ့ အတွေးအမြင်ဆောင်းပါးတွေပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိ လေ့ရှိတယ်။ အမေရိကန်က NUG ကို စစ်ရေးအရ ကူညီမယ်ဆိုတဲ့ ပြောဆိုချက်အထောက်အထားမရှိသလို စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ ပြောဆိုချက်လည်း မတွေ့ရပါဘူး။

ပြောဆိုချက်- မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန် စစ်ကြေညာ

Avatar

Title:Fact Check: အာဏာသိမ်းစစ်တပ်ကို အမေရိကန် စစ်ကြေညာမှု သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *