Fact Check: စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဆိုတဲ့ သတင်းတု 

စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ တရုတ်လက်မခံဘူးဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တရုတ် အကြပ်ကိုင်လိုက်ပြီ တရုတ်သံရုံး စစ်တပ်က မောင်းထုတ် ဒေါ်အောင်ဆန်းစုကြည်ပါမှ ရွေးကောက်ပွဲလက်ခံမည် စစ်တပ်ရွေးကောက်ပွဲလက်မခံဟု တရုတ်က အပြတ်ပြော” Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းကြည်မပါတဲ့ စစ်တပ်က ကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တရုတ်က လက်မခံဘူးလို့ ပြောတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khitthit” အမည်နဲ့ ယူကျူချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေနဲ့ လူမှုကွန်ယက်အသုံးပြုသူတွေ သတင်း‌ခေါင်းစဉ် တုတပ်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ပတ်သက်ပြီး Fact […]

Continue Reading

Fact Check: ချောင်းဆိုးခြင်းက နှလုံးရုတ်တရက်ဖောက်ပြန်မှုကို သက်သာစေနိုင်တယ်ဆိုတဲ့ သတင်းမှား

နှလုံးရုတ်တရက်ဖောက်ပြန်တဲ့အချိန် လူနာဟာ သတိလစ် မေ့မျောဖို့ ၁၀  စက္ကန့် လောက်ပဲကြတာကြောင့် ဆေးရုံကို သွားရောက်ဖို့အတွက် အခွင့်အလမ်းမရှိသေးချိန်မှာ အရေးပေါ်အနေနဲ့ ပြင်းပြင်းချောင်းဆိုးခြင်းက နှလုံးဖောက်ပြန်ပြီး သတိလစ်မေ့မြောမှုကို ကာကွယ်နိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ မကြာခဏပျံ့နှံ့လျက်ရှိပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်ပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ တူညီတဲ့ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “လူတော်တော်များများ နှလုံးရောဂါ  ထ ဖောက်တဲ့အချိန် သူ့အနားမှာကူမဲ့သူ တယောက် မှမရှိဘူး ၊ သူ့နှလုံးက ပုံမှန်မခုန်ဘူး ၊ သတိလစ် မေ့မျောတော့မယ်၊   သတိလစ်ဖို့ ၁၀  စက္ကန့် လောက်ပဲလိုတယ်.     ဒါပေမဲ့ အဲ့လိုအချိန်မှာ ကိုယ့်ဖာသာ […]

Continue Reading

Fact Check: NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်သဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီဆိုတဲ့ သတင်းတု

NUG နဲ့ စစ်တပ် တရားဝင် အပစ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီး တနိုင်ငံလုံးအပစ်ရပ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။  “တစ်နိုင်ငံလုံး အပစ်ခတ် ရပ်လိုက်ပြီ NUG နဲ့ စစ်တပ် တရားဝင် သဘောတူညီမှုရရှိပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး စတင်ကြေညာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယို ပုံစံနဲ့ ပြန်လည်ဖြန့်ချိတဲ့နေရာဖြစ်တယ်။ […]

Continue Reading

Fact Check: ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးခဲ့ဆိုတဲ့ သတင်းတု

ဘေဂျင်းရေကြီးမှုမှာ သရုပ်ဆောင် ဂျက်ကီချမ်း သေဆုံးသွားတယ်တဲ့ ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး သတင်းတု တခုဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ “Beijing ရေကြီးမူ လူ30 ကျော်သေတဲ့ ထဲ ဂျက်ကီချန်း ပါသွားတယ် တဲ့ စိတ်မကောင်းလိုက်တာ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဂျက်ကီချမ်းသေဆုံးမှု သတင်းကို နိုင်ငံတကာသတင်းတွေနဲ့ တခြားသော သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ ဒါပေမဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဂျက်ကီချမ်း သေဆုံးမှုကောလဟာလတွေ ဖြစ်ပြီး အခြေအမြစ်မရှိဘူးလို့ မီဒီယာတွေနဲ့ အချက်အလက်စိစစ်သူတွေက  […]

Continue Reading

Fact Check: စစ်တပ်ခန့် ဝန်ကြီးချုပ်သစ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ သတင်းတု 

စစ်ကောင်စီခန့် ဝန်န်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီး ညိုစောက  ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလုပ်ပြီဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်ပြီး အမှန်တကယ်မဟုတ်ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “နိုင်ငံ‌‌‌တော် ဝန်ကြီးချုပ် ရယူပြီး ၁ ရက်အကြာ ဒေါ်စုကို လွှတ်ငြိမ်းခွင့်ပေးတဲ့ ဦးညိုစော မအလ လူယုံမှားပြီ/ အာဏာဖီဆန်ခံရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ချက်တွေ မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ  သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးအကြောင်းအရာတချို့ကို သတင်း‌ခေါင်းစဉ် […]

Continue Reading

Fact Check: နေပြည်တော်အနီး ကုလသမဂ္ဂက တပ်လာဖြန့်ဆိုတဲ့ သတင်းတု 

မြန်မာနိုင်ငံ နေပြည်တော်မှာ ကုလသမဂ္ဂတပ်တွေ အရေးပေါ် တပ်ဖြန့်လိုက်ပြီလို့ ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်ပြီး အမှန်တကယ်မဟုတ်ပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပို့စ်ကို ဒီနေရာမှာလည်း တွေ့ရတယ်။ “ကုလတပ် အရေးပေါ် တပ်ဖြန့် မြန်မာကို အနီရောင်အဆင့် သတ်မှတ်ပြီး နေပြည်တော်  အနီး တပ်လာချပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Khit Thit Media” နဲ့ “Yangon Khit Thit” အမည်နဲ့ ယူကျူချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ […]

Continue Reading

Fact Check: ရုရှား ငလျင်ကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ဝင်ရောက်လာပုံလား – မဟုတ်ပါ

ဇူလိုင် ၃၀ ရက်က ရုရှားနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်အပြီး ဆူနာမီလှိုင်းလုံးကြီးတွေ ဂျပန်နိုင်ငံကို ရောက်လာပုံဆိုပြီး ဓာတ်ပုံတချို့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။  ဓာတ်ပုံဟောင်းတွေသာဖြစ်ပြီး လက်ရှိအဖြစ်အပျက်က မဟုတ်ပါ။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီပို့စ်ဟာဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၇ သိန်းကျော်ရရှိထားပြီး ပြန်လည်မျှဝေမှု‌ပေါင်း ၂၂၀ ကျော်ရှိထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ရုရှားနိုင်ငံ ပြင်းအား ၈ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ် ပြိးနောက် ဆူနာမီလှိုင်းလုံးကြီးများ ယနေ့ ဇူလိုင် ၃၀ ရက်၊ ဂျပန်နိုင်ငံ ရေတက်လာတည့်မြင်ကွင်း #မြေငလျင်သတိပေးချက် #ဆူနာမီသတိပေးချက် […]

Continue Reading

Fact Check: ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG အကြပ်ကိုင်တဲ့ သတင်းတု

ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပြီး တရုတ်ကို NUG က အကြပ်ကိုင်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ လုပ်ကြံရေးသား ပြောဆိုမျှဝေမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာ‌တွေကို ဒီလင့်ခ်မှာကြည့်ပါ။ ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေတဲ့ နေရာ တခုဖြစ်တာတွေ့ရတယ်။ ရံဖန်ရံခါ […]

Continue Reading

Fact Check: သမြားနီက ကင်ဆာနဲ့ အိပ်ချ်အိုင်ဗွီရောဂါတွေ ကုသနိုင်လား- အထောက်အထားမရှိပါ

သမြားနီ(Stemona curtissi)က ကင်ဆာအမျိုးမျိုးကို ကုသနိုင်ပြီး အိပ်ချ်အိုင်ဗွီ(HIV)ပျောက်ကင်းစေ နိုင်တယ်လို့ ဆိုထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းနေပါတယ်။ တကယ်တော့ သိပ္ပံနည်းကျ အတည်ပြုထားတဲ့ တိကျတဲ့ အထောက်အထားမရှိပါဘူး။  ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “သမြားနီ ပျောက်ကင်းသောရောဂါများကတော့ ခေါင်းမူးပြီးအသားအရေမမှန်ခြင်း သွေးကင်ဆာဖြစ်ခြင်း လည်ချောင်းကင်ဆာ ဂရင်ဂျီနာ လိပ်ခေါင်းသွေးကျရောဂါ အစာအိမ်ကင်ဆာ အမျိုးသမီးရောဂါအမျိုးမျိုတို့ကိုပျောက်ကင်းစေပါတယ် ခုခံအားကျဆင်းသည့်ရောဂါ  HIVဘီပိုး စီပိုး ကူးစက်တက်တဲ့ပိုးရောဂါတွေလည်းပျောက်ကင်းပါသည် သမြားနီဆေးပင်ဖြင့်  HIVရောဂါဝေဒနာရှင်များရှာဖွေပြီး ကုသပေးရာ ရာနှုန်းပြည့်ပျောက်ကင်းကြောင်းလေ့လာတွေ့ရှိရပါတယ်” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာလို သမြားနီလို့ ခေါ်တဲ့ သိပ္ပံအမည် Stemona ဟာ ဒီလိုပျံ့နှံ့နေတဲ့ […]

Continue Reading

Fact Check: မြိုင်ကြီးငူတွေ့ဆုံပွဲအပြီး KNA က ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့သလား- မဟုတ်ပါ 

ကရင်ပြည်နယ်အနေနဲ့ နိုင်ငံတော်မှ ခွဲထွက်မှာ မဟုတ်ကြောင်းအပါအဝင် လောကပါလတရားထွန်းကားရေး အပါအဝင် စစ်တပ်ရဲ့ ဒို့တာဝန်အရေးသုံးပါး ဆောင်ပုဒ်ကို ဦးထိပ်တားတယ်လို့ ဆိုလိုထားတဲ့ ကရင်အမျိုးသား တပ်မတော်(KNA) ထုတ်ပြန်ချက်ဆိုတဲ့ ဓာတ်ပုံပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ဒီလိုထုတ်ပြန်ခဲ့တာမရှိကြောင်း KNA တာဝန်ရှိသူက ငြင်းဆိုထားတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ကရင်အမျိုးသားတပ်မတော် ( KNA ) ၏  သဘောထားထုတ်ပြန်ချက်များထဲမှ အချက် (၅) ချက်ကို ကြည့်ခြင်းအားဖြင့် အကောင်းဘက်ကိုဆောင်၍ ငြိမ်းချမ်းရေးကို ဦးတည်ခြင်းဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ် ။  ကရင်ပြည်နယ်ကြီး မငြိမ်းချမ်းအောင် လုပ်ဆောင်နေသည့်အဖွဲ့များနှင့် ပြည်ထောင်စုမှ ခွဲထွက်ပြီး ကော်သူလေ နိုင်ငံတည်ထောင်မည်ဟု […]

Continue Reading