Fact Check: အမေရိကန်သံရုံးအရာရှိ ပျူစောထီးတွေ သတ်ဖြတ်မှု သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူတဲ့ သတင်းတု

အမေရိကန် သံရုံးအရာရှိ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူမယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ လတ်ရှိအချိန်အထိ အမေရိကန်သံရုံလုံခြုံရေးအရာရှိ သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က မည်သူမည်ဝါဆိုတာကို အပြစ်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “အမေရိကန် သံရုံးအရာရှိ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက် ၊ မင်းအောင်လှိုင်ကို ဆင့်ခေါ်ပြီ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: မင်းအောင်လှိုင်နဲ့အပေါင်းပါ ဗိုလ်ချုပ် ၁၅ ဦးကို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖမ်းဆီးတဲ့ သတင်းတု

သမ္မတဖြစ်လဲ စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်ရဲ့ လက်ရုံးတပည့် လက်ရှိစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရဲဝင်းဦး က မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ် ၁၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ သတင်းတုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တပ်ချုပ် ရဲဝင်းဦး သစ္စာဖောက်ပြီ မင်းအောင်လှိုင်နဲ့ အပေါင်းပါ ဗိုလ်ချုပ် (၁၅) ဦး ဖမ်းဆီးခံရ ၊ စစ်ရုံးချုပ်အတွင်း အာဏာ လုနေကြပြီ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတခုဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်ကို တုပထားပြီး […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အစိုးရ လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်တပ်အသွင်ပြောင်း နေပြည်တော်အစိုးရက သဘောတူလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဒီရက်ပိုင်း ပျံ့နှံ့မှု ပြန်လည်အားကောင်း နေတာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုထားတဲ့ ယူကျူ့ချန်နဘ်တခုက ရယူထားခြင်းဖြစ်တယ်။အလားတူတဲ့ မျှဝေမှုကို ဒီချန်နယ်ကပဲ ဒီနေရာမှာမျှဝေထားတာလည်း တွေ့ရတယ်။  “အမှု အားလုံး ရုတ်သိမ်းကြောင်း ကြေညာ  အိန္ဒိယ ပြန်ရောက်လာတဲ့ မင်းအောင်လှိုင် နိုင်ငံတကာ ထောက်ခံမှု ရချင်လို့ ဒေါ်စုကို လွတ်ပေးဖို့ အမိန့်ကြေညာလိုက်ပြီ” Original link | Archive link နောက်ထပ် ယူကျူ့ချန်နယ်တခုမှာတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်စွပ်စွဲချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအကုန်လုံး ကင်းလွတ်ခွင့်ပေးပြီး ပြန်လွတ်လာပြီလို့လည်း ဆိုထားပါတယ်။  Original link […]

Continue Reading

Fact Check: NUG ကို လက်နက်ပေးဖို့ အမေရိကန် ကတိပြုတဲ့ သတင်းမှား

NUG ကို လက်နက်ပေးဖို့ အမေရိကန် ကတိပြုလိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် NUG ဟာ အမေရိကန်ရဲ့ အကူအညီရပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “NUG ကို လက်နက်ပေးဖို့ US ကတိပြု တရုတ်အားကိုးနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို  တိုက်ခိုက်ဖို့ NUGကို စစ်ကူပေးလာပြီ” Original link | Archive link အချက်အလက်စိစစ်ချက်  ဒီလို လက်နက်အကူအညီ NUG ကိုပေးမယ့်အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ၊ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေဖော်ပြချက် မတွေ့ရပါဘူး။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒဟာ […]

Continue Reading

Fact Check: အိန္ဒိယမှာ မြန်မာစစ်ခေါင်းဆောင်ဟောင်း အဖမ်းခံရတဲ့ သတင်းတု

အိန္ဒိယခရီးစဉ်မှာ သမ္မတတဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဖမ်းခံရတယ်လို့ ဆိုထားတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “အိန္ဒိယလေဆိပ်မှာ ဖမ်းဆီးကြောင်းသတင်းထွက်  ဖအိန္ဒိယကအပြန် ICC ရဲ့ လျိုးဝှက်ညွှန်ကြားချက်ကြောင့် အင်တာပိုမှ ဖမ်းဆီးလိုက်ပြီ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ အိန္ဒိယမှာ စစ်ခေါင်းဆောင်ဟောင်း အဖမ်းခံရမှုအဖြစ်‌ဖော်ပြထားသလို ဗွီဒီယိုထဲ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း “အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ်နေသည့် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ဖမ်းဆီးထိန်းသိမ်းပေးရန် ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) […]

Continue Reading

Fact Check: တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်ဆီးလိုက်တဲ့ သတင်းတု

တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်စီးလိုက်လို့ တရုတ်အကြီးအကျယ်ဒေါသထွက်နေတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့မှာ  ပျံ့နှံ့မှု ပြန်လည်အားကောင်းနေတယ်။ သတင်းတုသာဖြစ်တယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တရုတ်ပိုက်လိုင်းကို အေအေ မီးရှို့ဖျက်စီး တရုတ်ပိုက်လိုင်း အေအေ မီးရှို့ဖျက်ဆီး၊ တရုတ် အကြီးကျယ် ဒေါသထွက်နေ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin”ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုထားတဲ့ သတင်းတွေနဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းကို ရောနှောဖြန့်ချိလေ့ရှိပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ဝေမှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  အခုလည်း […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်အစိုးရ သဘောတူလိုက်ပြီဆိုတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်တပ်အသွင်ပြောင်းအစိုးရက သဘောတူလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုထားတဲ့ ယူကျူ့ချန်နဘ်တခုက ရယူထားခြင်းဖြစ်တယ်။  “အမေစုကို လွှတ်ပေးဖို့ သဘောတူလိုက်ပြီ နိုင်ငံတကာ ထောက်ခံမှုရချင်လို့ မင်းအောင်လှိုင် လေသံပြောင်းပြီ ၊  ပြည်သူတွေအတွက် သတင်းကောင်းဟေ့” Original link | Archive link နောက်ထပ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့လည်း ဒီချန်နယ်က မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်က သတင်းတုဖြန့်ဝေမှုတွေကို Fact Crescendo Myanmar မှာ မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ […]

Continue Reading

Fact Check: မြန်မာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး အာဆီယံကို ပူတင် ပြင်းပြင်းထန်ထန် သတိပေးတဲ့ သတင်းတု

မြန်မာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရုရှားသမ္မတဗလာဒီမီယာ ပူတင်က အာဆီယံကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု လူမှုကွန်ယက်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “ပူတင်အာဆီယံကို မြန်မာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်သတိပေး… သတင်းစာဖြတ်ပိုင်း (Opinion ကဏ္ဍ) ထဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောသွားတာကတော့ တကယ့်ကို ပြတ်သားပြီး သတိပေးချက်အပြည့်ပါပဲ။” Original link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပြောဆိုချက်ဓာတ်ပုံပါ သတင်းခေါင်းစဉ်ကို အဓိကကျတဲ့ စကားလုံးတချို့ အသုံးပြုရှာဖွေရာမှာ တစုံတရာ […]

Continue Reading

Fact Check: နေပြည်တော် စစ်ဆေးရုံကို  AA တိုက်ခိုက်မှုမှာ အများအပြားသေဆုံးတဲ့  သတင်းတု

နေပြည်တော် စစ်ဆေးရုံကို  AA တိုက်ခိုက်မှုမှာ အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်စာသားဓာတ်ပုံရော ဗွီဒီယိုထဲအသံဖိုင်နဲ့ ဖတ်ကြားမှုမှာပါ နေပြည်တော် စစ်ဆေးရုံတခု ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ဆေးရုံတက်နေတဲ့ စစ်သည် လူနာတွေ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ “နေပြည်တော် စစ်ဆေးရုံ အေအေ ဒရုန်းနဲ့ အကြီးကျယ်တိုက်ခိုက်၊ စစ်သည်လူနာ(၁၇၇)ဦး သေဆုံးပြီး ဒဏ်ရာရလူနာပိုများနေ” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလို နေပြည်တော် စစ်တပ်ဆေးရုံတိုက်ခိုက်ခံရပြီး အများအပြားသေဆုံးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ […]

Continue Reading

Fact Check: ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ NUG လေယာဉ်၅ စင်းရရှိဆိုတဲ့ သတင်းတု

ဗြိတိန်ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ်၅ စင်း NUG ရရှိပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ တော်လှန်ရေးအတွက် ဗြိတိန်နိုင်ငံက လေယာဉ် ၅  စီး ထောက်ပံ့ပေးလိုက်တယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက တရားဝင်ချပြလိုက်တာလို့လည်း ဆိုထားပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “စစ်တပ်ကိုတန်ပြန်ဖို့ NUG လေယာဉ်(၅)စင်းရရှိ ဗြိတိန် ဘုရင်ရဲ့ အကူညီနဲ့ လေယာဉ် ရရှိပြီလို့ Dr.Sa Sa ကြေညာ လိုက်ပြီ ၊ စစ်အုပ်စု မျက်ဖြူဆိုက်နေပြီ” Original link | Archive link […]

Continue Reading