Fact Check: အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ်သစ်ကြေညာတဲ့ သတင်းတု

အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ်သစ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ချန်နယ်တခုမှာ ဖော်ပြထားတဲ့  ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  “စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းမည် တပ်ချုပ်အသစ် ရဲဝင်းဦး ဒီနေ့စတင်ကြေညာ နိုင်ငံတော် အရေးပေါ် ဥဗဒေ အားလုံး ဖျက်သိမ်း အကျဉ်းသားများ အားလုံး လွတိငြိမ်းပေးမည်ဟု ဆို” Original link | Archive link အချက်အလက်စိစစ်ချက် အရေးပေါ် ဥပဒေတွေအပါအဝင် စစ်မှုထမ်း ဥပဒေ ရပ်ဆိုင်းဆိုင်းကြောင်း တပ်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ကြေညာတယ်ဆိုတာ […]

Continue Reading

Fact Check: ဧပြီ ၁ ရက်က စပြီး စုံ/မ ကန့်သတ်ချက်ဖျက်သိမ်းပြီး ၅ ရက်တခါ ဆီထည့်ခွင့်ပြုမယ့် အစီအစဉ်ဆိုပြီး ကောလာဟလ ပျံ့နှံ့

ဧပြီ ၁ ရက်က စပြီး မော်တော်ယာဉ်တွေ စုံရက် မရက် ကန့်သတ်ချက်နဲ့ အပြင်ထွက်ခွင့် ဖျက်သိမ်းလိုက်သလိ ကားနံပါတ်နဲ့ နေ့အလိုက် သတ်မှတ်ချက်ရောင်းချမှာကြောင့် ယာဉ်တစီးဟာ ၅ ရက်တခါပဲ ဆီဆိုင်တွေမှာ ဆီဖြည့်နိုင်တော့မယ် ဆိုပြီးတော့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနောတွေ့ရတယ်။ ကောလာဟလ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ဧပြီလ (၁) ရက်နေ့မှစ၍ ဓာတ်ဆီကားများအတွက် သတင်းကောင်း! စုံ၊ မ စနစ် မခွဲခြားဘဲ ထွက်ခွင့်ရမည်။ ဧပြီလ ၁ ရက်နေ့ကစပြီး ဓာတ်ဆီကားတွေဟာ စုံ/မ နံပါတ်စနစ်ကို လိုက်နာစရာမလိုဘဲ ပုံမှန်အတိုင်း သွားလာခွင့်ရရှိမှာဖြစ်ပါတယ်။ 🌟 […]

Continue Reading

Fact Check: တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတဲ့ သတင်းတု

တပ်မတော်နေ့ တိုက်ခိုက်ခံရလို့ စစ်အရာရှိ ၆၂ ဦး သေဆုံးခဲ့ပြီး အခမ်းနား ဖျက်သိမ်းလိုက်ရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “(၈၁)နှစ် တပ်မတော်နေ့ တိုက်ခိုက်ခံရ စစ်အရာရှိတွေအပါဝင် (၆၂) ဦး သေဆုံး ၊ သွေးချောင်းစီး နေပြီး အခမ်းနားပါ ဖျက်သိမ်းလိုက်ရပြီ” Original link | Archive link အချက်အလက်စိစစ်ချက် မတ် ၂၇ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်းစစ်တပ်က တပ်မ‌တော်နေ့ကို ပုံမှန်အတိုင်း ကျင်းပခဲ့တာ တွေ့ရပါတယ်။သံတောင်ကြီးမြို့နယ် စစ်တပ်တိုက်ခိုက်ရေးသင်တန်းကျောင်းကို […]

Continue Reading

Fact Check: စောင့်ကြည့်ကင်မရာတွေကတဆင့် အီရန်တိုက်ခိုက်မှာစိုးရိမ်ပြီး အစ္စရေးမှာ  ကင်မရာတွေကို လိုက်လံဖျက်ဆီးနေတာလား- မဟုတ်ပါ

အီရန်က စောင့်ကြည့်ကင်မရာတွေကို အသုံးပြုပြီး တိုက်ခိုက်မှာ စိုးရိမ်ပြီး အစ္စရေးက စောင့်ကြည့် ကင်မရာတွေ လိုက်လံဖြုတ်ပစ်နေတယ်လို့ ပြောဆိုဖြန့်ဝေနေတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ ယူနီဖောင်းဝတ် လုံခြုံရေးတဦးလို့ ယူဆရတဲ့ သူက စောင့်ကြည့်ကင်မရာတွေကို ဖျက်ဆီး နေတာကို ဒီဗွီဒီယိုထဲမှာ တွေ့ရတယ်။ ဒီ စောင့်ကြည့်ကင်မရာတွေ ဖျက်ဆီးနေတဲ့ ဗွီဒီယိုဟာ  ၂၀၂၅ ခုနှစ်အတွင်းက အစ္စရေးမှာ ဖြစ်ပျက်ခဲ့တဲ့  ဖြစ်စဉ်တခုက ဖြစ်ပြီး လက်ရှိ စစ်ပွဲနဲ့ သက်ဆိုင်ခြင်း မရှိတာတွေ့ရတယ်။   ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ vdo တွေအရ Israel ရဲတပ်ဖွဲ့‌တွေဟာ Iran မှ ပစ်ခတ်သော မစ်ဆိုင်းများ  Israel […]

Continue Reading

Fact Check: နေပြည်တော်မှာလှုပ်ပြီး မာရဝီဇယစေတီ ထိခိုက်ပျက်စီးကာ ဘုရားဖူး ဝန်ထမ်း ၄၈ ဦးသေဆုံးတဲ့ သတင်းတု

နေပြည်တော်မှာငလျင်ထပ်လှုပ်ပြီး မာရဝီဇယစေတီ ၂ ခြမ်းကွဲကာ ဘုရားဖူး ဝန်ထမ်း ၄၈ ဦး သေဆုံးမှုဖြစ်ခဲ့တယ် ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု တခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “နေပြည်တော် 7.5 ဖျက်အားငလျင်လှုပ် မာရဝိဇယ စေတီ ၂ခြမ်းကွဲ နေ သမ္မတ လုပ်မည့် မင်းအောင်လှိုင် နိမိတ်ဆိုးနေပြီဟေ့ ဘရားဖူးတဲ့ ဝန်ထမ်း ၄၈ ဦး သေဆုံးမှု ဖြစ်ပွား”(မူလရေးသားဖော်ပြချက်) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay KhitThit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တွေက သတင်းတွေကို သတင်းခေါင်းစဉ် တုတပ် ဖြန့်ချိတာတွေ ပြုလုပ်နေတာကို […]

Continue Reading

Fact Check: NUG သမ္မတကို စစ်တပ်က ဖမ်းလိုက်ပြီး ရုံးချုပ်ကိုလည်း လေယာဉ်၈ စီးနဲ့ ဗုံးကြဲတဲ့ သတင်းတု

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတဖြစ်သူကို စစ်တပ်က ဖမ်းဆီးလိုက်ပြီး NUG ရုံးချုပ်ကိုလည်း လေယာဉ် ၈ စီးနဲ့ ဗုံးကြဲခံရတာကြောင့် ပြည်ထောင်စု အစိုးရရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး သေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ  ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဒီတိုင်းဆို တော်လှန်ရေး ရှုံးပြီဟာ NUG သမ္မတ ကို အရှင် ဖမ်းပြီး NUG ရုံးချုပ် ကို လေယာဉ်(၈)စီး နဲ့ ဗုံးကြဲလို့ ဇော်ဝေစိုး သေပါပြီ” Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ […]

Continue Reading

Fact Check: တနိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်သိမ်းလိုက်ပြီး ကားနဲ့အပြင်ထွက်သူတိုင်း ကို ဖမ်းဆီးဖို့ စစ်ကောင်စီ အမိန့်ထုတ်တဲ့ သတင်းတု

တနိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်သိမ်းလိုက်ပြီး ကားနဲ့အပြင်ထွက်သူတိုင်း ကို ဖမ်းဆီးဖို့ စစ်ကောင်စီ အမိန့်ထုတ်ကာ ဆီဆိုင်တွေလည်း ပိတ်သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “တနိုင်ငံလုံး ခရီးသွားလာခွင့် ပိတ်သိမ်းပြီဟေ့ ကားနဲ့ အပြင်ထွက်တိုင်းဖမ်းဖို့အမိန့်ထုတ် ဆီပြတ်သွားလို့ ဆီဆိုင်အားလုံး ပိတ်ခိုင်းပြီတဲ့” Original link | Archive link အချက်အလက်စိစစ်ချက် ဆီဆိုင်အားလုံး ပိတ်ခိုင်းလိုက်ပြီး တနိုင်ငံလုံးခရီးသွားလာခွင့် ပိတ်သိမ်းကာ ကားနဲ့ အပြင်ထွက်တဲ့သူတိုင်းကို ဖမ်းဖို့ အမိန့်ထုတ်တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ […]

Continue Reading

Fact Check: လွှတ်တော် အဆောက်အအုံ မီးလောင်မှု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သေဆုံးတဲ့ သတင်းတု

နေပြည်တော်မှာ လွှတ်တော် အဆောက်အအုံ မီးလောင်ပြာကျသွားပြီး သမ္မတလုပ်ဖို့ ကြံနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း သေဆုံးသွားပြီလို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “လက်ဖြတ်ရဖို့ သေချာပြီ ဝမ်းသာတယ်ဟာ သမ္မတ လုပ်ဖို့ ကြံနေတဲ့ မင်းအောင်လှိုင် သေပြီ ပြည်သူ့လွှတ်တော် အဆောက်အအုံကြီး ပြာကျပြီ” Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ နေပြည်တော်မှာ လွှတ်တော်အဆောက်အဦး မီးလောင်ပြကျမှုဖြစ်စေ စစ်ခေါင်းဆောင် ထိခိုက်သေဆုံးမှုဖြစ်စေ ဖော်ပြချက် မတွေ့ရပါဘူး။  ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ “The […]

Continue Reading

Fact Check: လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီ လွတ်ငြိမ်း စစ်ကောင်စီ ကြေညာတဲ့ သတင်းတု

လွှတ်တော် စတင်တဲ့နေ့မှာပဲ အကျဉ်းသား သောင်းချီတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို စစ်ကောင်စီ ကြေညာ လိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထား ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း ဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ပထမဆုံး လွှတ်တော် စတင်တဲ့နေ့ လူပေါင်း သောင်းချီ တဲ့ လွတ်ငြိမ်းကြေညာ စစ်ကောင်စီက လွှတ်တော် စတင်တဲ့နေ့မှာ အများအပြား လွတ်နေ သမ္မတကြီး ဦးဝင့်မြင့်နဲ့ အတိုင်ပင်ခံ သီးသန့်သတင်း ထွက်ပေါ်” Original link | Archive link အချက်အလက်စိစစ်ချက် စစ်တပ်‌ကျောထောက်နောက်ခံပေးထားတဲ့ မတ် ၁၆ ရက်က စတင်ကျင်းပခဲ့တဲ့ လွှတ်တော်မှာ ဒီလို အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာ […]

Continue Reading

Fact Check: ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းတု

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌ ဦးခင်ရီ ဆူးလေဟိုတယ်မှာ လုပ်ကြံသတ်ဖြတ်ခံရတယ် လို့ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ မှုပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “ဆူးလေ ဟော်တယ်မှာ သတ်ခံရ ဗိုလ်ချုပ်အောင်ဆန်း ကို လုပ်ကြံတာထက် ဆိုးတယ် ကြံ့ခိုင်ရေး ဥက္ကဌ ဦးခင်ရီ ကို သတ်သွားတာ အားရ” (မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ USDP  ဥက္ကဌ လုပ်ကြံခံရတယ်ဆိုတဲ့ ဖော်ပြချက် မတွေ့ရပါဘူး။  ဒီလိုပြောဆိုပြီး […]

Continue Reading