Fact Check: ကျောက်ဖြူကို AA သိမ်းလိုက်ပြီဆိုတဲ့ သတင်းမှား

ကျောက်ဖြူမြို့ကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။ ကျောက်ဖြူမှာ စစ်တပ်နဲ့ AA အကြားတကျော့ပြန်တိုက်ပွဲ ပြင်းထန်လာနေပေမဲ့ မြို့ကို သိမ်းပိုက်ရရှိပြီဆိုတဲ အထောက်အထားမရှိပါဘူး။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ကျောက်ဖြူမြို့ကျသွားပြီ အမေရိကန် တပ်ဖွဲ့ ရာချီရောက်နေကြောင်း သတင်း တွေထွက်ပေါ်၊ AA တပ်တော် အောင်ပွဲခံနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ […]

Continue Reading

Fact Check: ရွေး‌ကောက်ပွဲလက်မခံလို့ ဦးသိန်းစိန်ကို စစ်တပ်က ဖမ်းတယ်ဆိုတဲ့ သတင်းတု 

စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံဘူးပြောလို့ သမ္မတဟောင်းဦးသိန်းစိန်ကို  စစ်တပ်က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအား‌ကောင်းလျက်ရှိတာ တွေ့ရတယ်။ သတင်းတု ဖြန့်ချိမှုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ဦးသိန်းစိန် ဖမ်းခံရမှုကြီး  ကုလသမဂ္ဂ အသိအမှတ်မပြုပဲ နဲ့ ရွေးကောက်ပွဲ  မလုပ်သင့်ပြောတဲ့ ဦးသိန်းစိန်ကို မအလ ဝင်ဖမ်းပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံပြောဆိုချက်တွေနဲ့ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို လိုအပ်သလိုပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်‌ရောက်လာတဲ့ သတင်းတု 

အမေရိကန်တပ်ဖွဲ့ထောင်ချီပါဝင်တဲ့ အမေရိကန် စစ်ရေယာဉ် ၅ စီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်လာတယ်ဆိုတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “အမေရိကန် စစ်ရေယာဉ် (၅) စီး ဝင်လာ ရခိုင့်ကမ်းလွင်ပြင် အမေရိကန်တပ်ဖွဲ့ထောက်ချီ‌ရောက်လာလို့ စစ်အုပ်စုတွင်းပွတ်လောက်ရိုက်နေ၊ တပ်မိသားစုတွေ ရွေ့ပြေးနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို […]

Continue Reading

Fact Check: အမေရိကန်ဆီက စစ်ကူရပြီလို့ ဒေါက်တာဆာဆာပြောတဲ့ သတင်းတု

အမေရိကန်သမ္မတနဲ့ ဒေါက်တာဆာဆာတို့ တွေ့ဆုံမှုအပြီး အမေရိကန်ဆန်ဆီက စစ်ကူရပြီလို့ ဆိုထားတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ  ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  အလားတူ တဲ့မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “လေယာဉ် အစီး ၂၀ Dr. SaSa ချပြ အမေရိကန်သမ္မတနဲ့ လျှို့ဝှက်တွေ့ဆုံမှု အပြီး စစ်ကူရပြီဟု Dr sasa ကြေငြာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုဖြန့်ဝေတာ၊ လုံးဝလုပ်ကြံပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ […]

Continue Reading

Fact Check: ဘုရားပေါ်မှာ စစ်ခေါင်းဆောင် ဒရုန်းနဲ့ ဗုံကြဲခံရလို့ သေဆုံးတဲ့ သတင်းတု

တန်ဆောင်မုန်းလပြည့်နေက ဘုရားဖူးနေတဲ့  စစ်ခေါင်းဆောင်နဲ့ ဇနီး ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၎င်းတို့အပါအဝင်  ပြည်သူတွေလည်း သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဗွီဒီယိုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၁ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “လပြည်နေ့ ပျော်ပါးနေတဲ့ မအလနဲ့ကြုကြူအပါဝင် ပြည်သူ(၁၀၀)ကျော်ဒရုန်းဗုံးကြဲချခံရလို့သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် “TBR RECAPS”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့  သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိနေတာတွေ့ရတယ်။  အခုလည်း ဗွီဒီယိုထဲမှာ အဓိအားဖြင့် တန်ဆောင်မုန်းလပြည့်နေမှာ နိုင်ငံရဲ့ အေးချမ်းတဲ့ နေရာအနှံ့အပြားမှာ […]

Continue Reading

Fact Check: စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက ရွေးကောက်ပွဲအတွက် ဇာတ်ကားရိုက်ကူးခိုင်းတဲ့ ညွှန်ကြားစာလား -မဟုတ်ပါ

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ဆိုတဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဗွီဒီယိုထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား၊ မင်းသမီးတွေနဲ့ ပတ်သက်ပြီး လူထုအကြားဝေဖန်မှု မြင့်တက်ခဲ့ပြီး‌နောက်မှာ စစ်တပ်က ဝေဖန်သူတွေကို အရေးယူမယ်လို့ ခြိမ်းခြောက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒီမင်းသားမင်းသမီးတွေဟာ စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးက နာမည်နဲ့တကွ သရုပ်ဆောင်ဖို့ အမိန့်ပေးလို့ လုပ်ရတယ်လို့ ဆိုပြီး အမိန့်စာတခု ပျံ့နှံ့လာခဲ့ပါတယ်။တကယ်တော့ အတုပြုလုပ်ချက်ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်တို့ ဗမာတိုင်းရင်သားတစု နေတိုးခြူးလေးတိုကိုပြောချင်ရင် ဒီစာကိုဖတ်ပြီးမှပြောပါ”ဆိုပြီး စစ်တပ်ပြန်ကြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဆိုတဲ့ စာကို “Aung Thein”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ Original link | Archive link တူညီတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ အချက်အလက်စိစစ်ချက် “ခေတ်သမိုင်းကို […]

Continue Reading

Fact Check: ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေလား- မဟုတ်ပါ

ဖုန်းအသုံးပြုသူတွေ သိထားသင့်တဲ့ အသုံးဝင်တဲ့ လျှို့ဝှက်ချက်တွေဆိုပြီး  ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ်တယ်။ ရှည်လျားတဲ့ ပို့စ်တွေမှာ အဓိကအားဖြင့် အရေးပေါ်ဖြစ်ရင် ခေါ်ဆိုနိုင်တဲ့ဖုန်းနံပါတ်၊ အင်တာနက်အသုံးပြုမှု ပိုမိုကောင်းမွန်စေမယ့်နည်းလမ်း၊ အားကုန်နေတဲ့ ဘက်ထရီ ပြန်လည်အားပေးစေတာ၊ ပျောက်သွားတဲ့ ဖုန်းကို ပြန်ရှာနိုင်ဖို့အတွက် စတာတွေကို ဖုန်းရဲ့ ကီးဘုတ်ပေါ်မှာပါတဲ့ ဂဏန်းနဲ့ အထူးသင်္ကေတလေးတွေကို အသုံးပြုပြီး ပြုလုပ်နိုင်တယ်စသည်ဖြင့် အချက်အလက်များစွာ ဖော်ပြထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “Mobile ဖုန်းကို ကျွမ်းကျင်စွာ အသုံးပြံတက်စေဖို့ (လိုတဲ့အချိန်သုံးရအောင် ဖတ်ပီးရှဲထားနော်) *#0011# ဒါလေးကို ရိုက်ထည့်လိုက် ပြီးရင် ဖုန်းကို wifi […]

Continue Reading

Fact Check: စစ်ခေါင်းဆောင်ကို ကျားဖြန့်အမှုနဲ့ တရုတ်ဖမ်းဆီးလိုက်ပြီဆိုတဲ့  သတင်းတု 

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျားဖြန့်အမှုနဲ့ တရုတ်ဖမ်းဆီးလိုက်ပြီဆိုပြီး ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီးတဲ့ အကြောင်အရာတွေကို လိုအပ်သလို ပြန်လည်ပြောဆိုပြီး ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar ရဲ့  အချက်အလက်စိစစ်မှု တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးတဲ့ သတင်းတု

ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မင်းသား ၈ ဦးကို စစ်တပ်ဖမ်းဆီးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာ ဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့အကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီကရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ […]

Continue Reading

Fact Check: နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရလို့ စစ်ခေါင်းဆောင်သေဆုံးတဲ့ သတင်းတု 

နေပြည်တော်ကို လေယာဉ်နဲ့ ဗုံးကြဲခံရပြီး စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမျှဝေမှုတွေသာဖြစ် တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူးတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုံးဝလုပ်ကြံပြောဆိုတာတွေ ပြုလုပ်တဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း  အချက်အလက်စိစစ်ဖော်ပြချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း […]

Continue Reading