Fact Check: ဗန်းမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်ပြီး NUG သမ္မတကို မြန်မာစစ်တပ် ဖမ်းဆီးဆိုတဲ့ သတင်းတု
PDF တွေ သိမ်းယူလိုက်တဲ့ ဗန်းမောက်မြို့ကို မြန်မာစစ်တပ်က ပြန်လည်သိမ်းယူလိုက်ပြီး အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG) သမ္မတကိုလည်း ဖမ်းဆီးလိုက်တယ်ဆိုပြီး ယူကျူ့ချန်နယ်တခုက ဗွီဒီယိုကို ဖြန့်ဝေထားပြီး ဒီပြောဆိုချက်ဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ လက်ရှိအချိန်အထိ စစ်တပ်က ဗန်းမောက်မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးသလို NUG သမ္မတ ဖမ်းဆီးခံရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ “ဗန်းမောက်မြို့ တန်ပြန်ထိုးစစ်မှာပဲ NUG ယာယီသမ္မတကို အရှင်ဖမ်းမိထားဟု မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ချိထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပုံဖျက်ပြောဆိုပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတာ၊ မကြာခဏဆိုသလို လုံးဝလုပ်ကြံရေးသား ပြောဆိုချက်တွေကိုလည်း […]
Continue Reading
