Fact Check: နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော်ကို ဖမ်းဆီးဆိုတဲ့ သတင်းတု

နယ်စပ်က မြန်မာစစ်တပ်စခန်း ထိုင်းစစ်တပ်က ဝင်စီးပြီး စစ်သား ၁၂၀ ကျော် ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှုသာဖြစ်တယ်။  ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ် ဝင်စီး  မအလစစ်ခွေး(၁၂၀) ကျော် ဖမ်းဆီးခံရ  နယ်စပ်ရှိ မအလတပ်စခန်း ထိုင်းစစ်တပ်မှ ဝင်တိုက်၊  မြန်မာစစ်ခွေး(၁၂၀)ကျော် ထိုင်းစစ်တပ် ဖမ်းဆီး”(မူလအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်ဓာတ်ပုံစာသားမှာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို ထိုင်းစစ်တပ် က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၂၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ […]

Continue Reading

Fact Check: KNU ဆီက ထွက်ပြေးသွားတဲ့ PDF တွေကို ထိုင်းရဲက ဖမ်းဆီးမှုလား – အထောက်အထားမရှိပါ 

KNU လက်အောက်ကနေ ထွက်ပြေးသွားတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီးမှု လို့ဆိုပြီး ဓာတ်ပုံတပုံနဲ့ အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။  ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။  “KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး။ KNU လက်အောက်ခံဘဝမှ ထွက်ပြေးပြီး ထိုင်းနိုင်ငံအတွင်း ခိုးဝင်သွားကြတဲ့ PDF လူငယ် ၆၀ ကျော် ထိုင်းရဲက ဖမ်းဆီး” Original link | Archive […]

Continue Reading

Fact Check : နေပြည်တော်ရောက် ဝမ်ယိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ သတင်းတု

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ် ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာမှာ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “ဝပ်ယီနဲ့ အမေစု တွေ့ ဆုံ  ဒေါ်စု စကားကြောင့် ဝမ်ယိ တုန်လှုပ်  လူထုခေါင်းဆောင်ရဲ့ ပြတ်သားလွန်းတဲ့စကား ၊ တရုတ်  ကိုယ်စားလှယ် ဝမ်ယိ မျက်နှာပျက်ပြီးအံဩ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ နေပြည်တော်မှာ အကျယ်ချုပ်ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုထားသလို အသံဖိုင်နဲ့ ဖတ်ကြားမှု မှာလည်း ဒီလိုပြောဆိုထားတာတွေ့ရပါတယ်။ ဒီလိုတွေ့ဆုံမှုမှာ အနောက်အုပ်စုနဲ့ အဆက်အသွယ်ဖြတ်ဖို့ […]

Continue Reading

Fact Check : တရုတ်ဝမ်ပေါင်ကုမ္ပဏီကို PDF တွေသိမ်းပိုက်လိုက်ပြီး မီးရှို့ဖျက်ဆီးဆိုတဲ့ သတင်းတု

တရုတ်ဝမ်ပေါင် ကုမ္ပဏီကို PDF တွေသိမ်းပိုက်လိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တရုတ်ဝမ်ပေါင် ကုမ္ပဏီ PDF လက်ထဲရောက်ပြီ ကုမ္ပဏီကို အကုန်မီးရှို့၊ တရုတ်ကြီး ဒေါသထွက်နေ တရုတ်ဝမ်ပေါင် ကုမ္ပဏီ စကစ အကျဆုံးများနေလို့ လက်လွှတ် လိုက်ရ၊ ကုမ္ပဏီ ကို PDFတပ်တွေ အကုန် မီးရှို့ဖျက်ဆီး” Original link | Archive link အချက်အလက်စိစစ်ချက် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေပြီး အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က ဝမ်ပေါင်ကုမ္ပဏီကို PDF တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဆိုတဲ့ အထောက်အထား တစုံတရာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သမ္မတဟောင်းဦးသိန်းစိန် ပြောတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သမ္မတဟောင်းဦးသိန်းစိန်က ပြောဆိုလိုက်ပြီး စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်မှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတု ဖြန့်ချိ နေခြင်း သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။  “ဖမ်းရဲရင် လွှတ်ပေးရဲ ရမည်ဟု ဦးသိန်းစိန် ဝေဖန် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရန်သတိပေး ပြုပြင်ပြောင်းလဲရန် အချိန်လွန်နေပြီဟု ဦးသိန်းစိန်ဝေဖန် ကြောက်စိတ်များနေသူများဟု စစ်တပ်ကို ပြင်းထန်သတိပေး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပြောဆိုတယ်လို့ ဆိုထားသလို “နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် […]

Continue Reading

Fact Check: သဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းပြောတဲ့ သတင်းတု

ငြိမ်းချမ်းရေးသဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းက ပြောဆိုလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ငြိမ်းချမ်းရေး သဘောတူပြီဟု မအလ ထုတ်ဖော် သမ္မတ ဦးဝင်းမြင့်ကို ရာယူးပြန်ပေးမည်ဟုပြော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မည့်ရက် အတိအကျ ထုတ်ဖော်” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ ဗွီဒီယိုဖြန့်ဝေထားတဲ့ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check:၂၀၁၂ ရခိုင်အရေးအခင်းက ဗွီဒီယိုလား- မဟုတ်ပါ

၂၀၁၂ ခုနှစ်က ရိုဟင်ဂျာတွေ က ရခိုင်တွေနဲ့ ရခိုင်အိမ်တွေကို သတ်ဖြတ်မီး ရှို့ ခဲ့တဲ့ မှတ်တမ်းဆိုပြီးတော့  ဗွီဒီယို တခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့တာတွေ့ တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ မြင်ကွင်းဟာ ကြည်လင်ပြတ်သားမှုမရှိဘဲ ဝေဝါးနေပေမဲ့ လူအုပ်ကြီးက အော်ဟစ်တိုက်ခိုက်နေတဲ့ ပဋိပက္ခမြင်ကွင်းကို ဖော်ပြထားတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်နဲ့ မြင်ကွင်းဗွီဒီယိုအစိတ်အပိုင်းဟာ မှားယွင်းပြီး သက်ဆိုင်ခြင်းမရှိပါဘူး။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။   “သ မိုင်း ဆို တာ လိမ် လို့ မ ရ ဘူး။ 2012 တုန်း က ဘ်င်္ဂါ်လီ တွေ ရ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ရန်ကုန်မြို့က နေအိမ်ကို ပြန်ရောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ဧပြီ ၁၇ ရက်ကတည်းက ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ကောလာဟလ သတင်းတွေဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ချန်နယ်တခုက ဒီကနေ့(ဧပြီ ၁၈ ရက်)မှာ  ဖြန့်ဝေလာတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အမေစု ခြံအမှတ် (၅၄) ပြန်ရောက်ပြီ လူထုခေါင်းဆောင် မျက်နှာ ပြန်မြင်ရပြီ ၊ ပြည်သူတွေကို နှတ်ဆက်မိန့်ခွန်း ပြောနေပြီ” Original link | Archive link အချက်အလက်စိစစ်ချက် မြန်မာနှစ်ဆန်း ၁ ရက်(ဧပြီ ၁၇ ရက်)က တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရန်ကုန်နေအိမ် ခြံအမှတ် […]

Continue Reading

Fact Check: ရန်ကုန်က သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးတဲ့ သတင်းတု

သင်္ကြန်အကျနေ့က ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးခဲ့ တယ်လို့ ဆိုထားတဲ့  ဗွီဒီယိတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ ဧပြီ ၁၄ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၅၃၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “သင်္ကြန် အကျနေ့ ရန်ကုန် သွေးလူးနေရပြီ ရန်ကုန် မြို့တော်ခန်းမရှေ့ သင်္ကြန်မဏ္ဍပ် ဗုံးပေါက်လို့ ဘောမအနုပညာရှင်တွေအပါ (၁၂၀) ခန့် သေဆုံး”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ရန်ကုန်မြို့တော်ခန်းမရှေ့က မဟာသင်္ကြန်မဏ္ဍပ်မှာ ပြင်းထန်တဲ့ […]

Continue Reading

Fact Check: နေပြည်တော် သင်္ကြန် ပေါက်ကွဲမှုဖြစ်ပြီး အများအပြားသေဆုံးဆို တဲ့သတင်းတု

နေပြည်တော်မှာ သကြန်အကြိုနေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့    ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံ၊ စာသားကောက်နုတ်ချက်တွေကို အောက်မှာကြည့်ပါ။ ဧပြီ ၁၃ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၆၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “နေပြည်တော်သင်္ကြန် သွေးချောင်းစီးပြီ စစ်တပ် ဘောမတွေနဲ့ စည်ကားနေတဲ့ နေပြည်တော် သကြန် ဗုံးပေါက်လို့ ဘောမတွေ (၅၀) ကျော်သေဆုံး”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ ဗွီဒီယိုထဲမှာ သင်္ကြန်အကြိုနေ့ အခမ်းအနားတွေ […]

Continue Reading